ကမ္ဘာ့တဝှမ်းက အောင်မြင်သူတွေရဲ့နောက်ကွယ်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးရှိနေပါတယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေထဲကမှ မနက်ခင်းတိုင်းမှာသူတို့ပြုလုပ်လေ့ရှိတဲ့ အလေ့အထကောင်းတွေလည်းရှိပါတယ်။
မနက်ခင်းဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် အောင်မြင်သူတွေဟာ မနက်ခင်းတွေကိုဘယ်လိုဖြတ်သန်းကြလဲဆိုတာလေ့လာကြည့်လိုက်ရအောင်။
(၁) တိုးတက်မှုအကြောင်းစဉ်းစားတယ်

Source : Ezanime.net
ကမ္ဘာကျော် အမေရိကန်တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ Venus Williams ဟာ သူမအိပ်ယာနိုးတာနဲ့ အရင်ဆုံးတွေးမိတာက တင်းနစ်ကစားပွဲတွေအကြောင်းလို့ ဝန်ခံပါတယ်။ ကစားပွဲတွေက သူမကိုမူးယစ်ဆေးတမျှ စွဲလန်းစေပြီး ကစားပွဲတိုင်းမှာ ယခုထက်ပိုကောင်းမွန်ကောင်းတဲ့ တိုးတက်မှုတွေရရှိအောင် ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာကို တွေးလေ့ရှိတယ်လို့ပြောပါတယ်။ အိပ်ယာနိုးလို့ နောက်ထပ်နာရီဝက်လောက်ပြန်အိပ်မယ့်အစား သူမပိုမိုတိုးတက်အောင်လုပ်ဆောင်မယ့်အရာတွေကိုတွေးဖြစ်ပြီး စိတ်ဓာတ်ခွန်အားတွေရယူလေရှိတယ်လို့ ပြောထားပါတယ်။
(၂) အိပ်ယာသိမ်းကြတယ်

Source : tim.blog
အောင်မြင်သူချမ်းသာသူတို့အဖို့ မနက်ခင်းအိပ်ယာသိမ်းခြင်းအလုပ်က အိမ်အကူဝန်ထမ်းတွေလုပ်ဆောင်ပေးမယ့်အရာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ထင်သလိုမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ကိုယ်တိုင် အိပ်ယာသိမ်းတဲ့အလုပ်ကိုလုပ်လေ့ရှိကြပါတယ်။ “The 4-Hour Work Week” နဲ့ “Tools of Titans ” ဆိုတဲ့စာအုပ်တွေကို ရေးသားဖန်တီးခဲ့တဲ့ စာရေးဆရာ Tim Ferriss ဟာ မနက်ခင်းတိုင်းမှာ ကိုယ်တိုင်အိပ်ယာသိမ်းလေ့ရှိတယ်လို့ဆိုပြီး ဒါဟာသူ့အတွက်လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုလို့ပြောထားပါတယ်။ အိပ်ယာသိမ်းတာက သူရဲ့လွင့်ပြန်နေတဲ့ အတွေးတွေကို ထိန်းချုပ်နိုင်ပြီး ကောင်းမွန်တဲ့စိတ်ခံစားမှုတွေကို တစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းနိုင်လို့ပါဟုဆိုပါတယ်။
(၃) သတင်းစာဖတ်ကြတယ်

Source : CNBC
Berkshire Hathaway လုပ်ငန်းစဉ်ရဲ့ CEO ဖြစ်သူ Warren Buffett ဟာ စာဖတ်ဝါသနာအိုးတစ်ယောက်ပါ။ သူဟာမနက်အိပ်ယာနိုးတာနဲ့ Wall Street ဂျာနယ် USA Today နဲ့ Forbes သတင်းတွေကို နေ့စဉ်နေ့တိုင်းဖတ်သူတစ်ယောက်ဖြစ်ပါတယ်။ Bill Gates နဲ့ စီးပွားရေးအကြောင်းပြောကြရင်း လမ်းသွားနေတဲ့အချိန်မှာတောင် The New York Times နဲ့ The Wall Street သတင်းစာတို့ကိုဖတ်နေလေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ စာဖတ်ခြင်းက ဦးနှောက်အသိပညာတွေတိုးပွားစေပြီး ကမ္ဘာကြီးပေါ်ကအရာရာတိုင်းကို မျက်ခြေမပြတ်သိမြင်ခွင့် လေ့လာခွင့်ရတဲ့ အကောင်းဆုံးအလေ့အထတစ်ခုဖြစ်ပါတယ်။
(၄) တစ်မှေးပြန်အိပ်လေ့မရှိကြဘူး

Source : Pinterest
လူတိုင်းလူတိုင်း အိပ်ယာနိုးတာနဲ့ ချက်ချင်းအိပ်ယာကမထပဲ တစ်မှေးလောက်ပြန်လည်အိပ်စက်ရတာကို အလွန်းအမင်းနှစ်ခြိုက်သဘောတွေ့ကြပါတယ်။ အောင်မြင်သူတွေအတွက်တော့ သူတို့ဟာအိပ်ယာအထက်မှာ တစ်မှေးပြန်အိပ်တဲ့အလေ့အထကို ဘယ်တော့မှမလုပ်ကြပါဘူး။ အမေရိကန်နာမည်ကျော်လူရွှင်တော်ကြီး Jerry Seinfeld ဟာဆိုရင်လည်း အိပ်ယာနိုးလို့ တစ်မှေးပြန်အိပ်တာမျိုးလုပ်လေ့မရှိပဲ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ အိပ်ယာပေါ်ထတယ် ပြတင်းပေါက်တွေကိုဖွင့်တယ် ရေဒီယိုကနေ ဒီနေ့ခေတ်လူရွှင်တော်တွေရဲ့ ဟာသတွေပြက်လုံးတွေကိုလေ့လာတယ် စတဲ့အရာတွေနဲ့ မနက်ခင်းကိုစတင်လေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေထားပါတယ်။
(၅) တစ်နေ့တာလုပ်ငန်းတာဝန်တွေကိုဖတ်တယ်

Source : Showbiz Cheat Sheet
ကနေဒါစီးပွားရေးလုပ်ငန်းရှင် စာရေးဆရာတစ်ဦးလည်းဖြစ်သူ Kevin O’Leary ကတော့ အိပ်ယာမဝင်ကတည်းက မနက်ဖြန်အတွက်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို မှတ်စုစာအုပ်ထဲမှာ To-Do List ပြုလုပ်ထားလေ့ရှိတယ်လို့ဆိုပါတယ်။ နောက်တစ်နေ့မနက်အိပ်ယာနိုးတဲ့အချိန်မှာ ညကရေးထားတဲ့ တစ်နေ့တာလုပ်ငန်းတာဝန်တွေကို ပြန်ဖတ်လေ့ရှိပါတယ်။ ဒီလိုပြုလုပ်ခြင်းက တစ်နေ့တာလုံးအတွက် အလုပ်တာဝန်တွေအားလုံးကို အစီတကျရှိစေပြီး အောင်မြင်တဲ့အကျိုးရလဒ်ကိုခံစားရတယ်လို့ ဆိုထားပါတယ်။
