လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေ့တာကိုစတင်ခြင်းက ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း လူအများစုဟာ နာရီဝက်လောက်အချိန်ပေးပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ကိုပင် ဆင်ခြင်တွေအမျိုးမျိုးပေးပြီး ရှောင်လွဲနေတက်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လူတိုင်းသိထားသင့်တဲ့ မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းကပေးတဲ့ အံ့ဖွယ်အကျိုးကျေးဇူးတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေကိုသိပြီဆိုရင် မနက်ခင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) စွမ်းအင်တွေပိုရစေတယ်

Source : Sports HD Images
မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းကတစ်နေ့တာလုံးအတွက် ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ စွမ်းအင်တွေများများပိုရနိုင်ပါတယ်။ လေ့လာသူတွေကတော့ မနက်ခင်းမှာ နာရီဝက်လောက်လေ့ကျင့်ခန်းလုပ်တာဟာ ကော်ဖီတစ်ခွက်သောက်တာထက်ကို တက်ကြွလန်းဆန်းမှုတွေနဲ့ စွမ်းအင်တွေပိုရစေတယ်လို့ဆိုထားပါတယ်။
(၂) ခံစားမှုကောင်းစေတယ်

Source : Best Life
မနက်စောစော ချွေးထွက်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ကနေပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေကို ထုတ်လွတ်ပေးပြီး ခံစားမှုကောင်းစေကာ စိတ်ဖိစီးမှုတွေကိုကာကွယ်ပေးပါတယ်။ ဒါကြောင့်သင့်အနေနဲ့ မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အချိန်မှာတင် အံ့သြစရာကောင်းလောက်အောင် ပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။
(၃) သွေးပေါင်ချိန်ကျစေတယ်

Source :Penn Medicine
သွေးတိုးရောဂါရှိသူတွေအနေနဲ့ မနက်ခင်းမှာလေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးပေါင်ချိန်ကို ကျစေတာကြောင့်ပါ။ မကြာသေးခင်က လေ့လာတွေ့ရှိမှုတစ်ခုကအရ မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းက သွေးပေါင်ချိန်ကို (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းစေပြီး တစ်နေ့တာလုံးအတွက်လည်း သွေးပေါင်ချိန်ကိုမှန်ကန်အောင်ထိန်းညှိပေးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
(၄) စိုးရိမ်ပူပန်မှုလျော့ကျစေတယ်

Source : iStock
မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းလို့ ခေါ်တဲ့ Cortisol ပမာဏကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရှိကြွက်သားများတင်းမာမှုကိုလည်း လျော့ကျသက်သာစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာဖြစ်ပေါ်နိုင်တဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကို တိုက်ထုတ်ပေးပြီး ကောင်းမွန်တဲ့နေ့တစ်နေ့အဖြစ် စိတ်ခံစားမှုကောင်းစွာဖြတ်သန်းနိုင်မှာပါ။
