ငယ်ရွှယ်နုပျိုခြင်းဆိုတဲ့ ဂုဏ်ကို အမျိုးသမီးတွေရော အမျိုးသားတွေပါ နှစ်သက်သဘောကျကြပါတယ်။ လူတွေက ကိုယ့်ကို နုလိုက်တာ ငယ်လိုက်တာ ပြောတာကို မကြိုက်တဲ့သူဆိုတာလည်း မရှိပါဘူး။ အသက်အရွှယ်တစ်ခုရောက်လာချိန်မှာတောင် ငယ်ရွှယ်နုပျိုနေချင်တယ်ဆိုရင် အခုပြောပြမယ့် လျို့ဝှက်ချက်တွေကို လိုက်နာကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

Source : Medical News Today

စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းနေဖို့ အကောင်းဆုံးနည်းလမ်းက လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ လေ့လာမှုတွေအရ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေက လေ့ကျင့်ခန်းမလုပ်သူတွေထက် ပိုပြီး အိုမင်းရင့်ရော်ခြင်းနှောင့်နှေးတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး စိတ်ပျိုကိုယ်နုဖို့ နေ့စဉ် ၁ နာရီလောက်အချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

(၂) အသားအရေကျန်းမာရေးကိုဂရုစိုက်ပါ

Source : HelloBeautiful

ကျန်းမာရေးလို့ပြောလိုက်တာနဲ့ အသားအရေးကျန်းမာရေးကလည်း မေ့ထားလို့မရတဲ့ အရာတစ်ခုပါ။ အမျိုးသားအများစုဟာ အသားအရေးကျန်းမာရေးနဲ့ ပတ်သတ်ပြီး လျစ်လျူရှု့ထားကြတာများပါတယ်။ နုပျိုချင်တယ်ဆိုရင် အပြင်ထွက်တဲ့အခါ နေလောင်ခံကရင်မ်လိမ်းတာမျိုး တစ်ပတ်တစ်ခါလောက် မျက်နှာဂျေးချွတ်သန့်စင်တာမျိုး အစိုဓာတ်ထိန်းကရင်ခမ်ပုံမှန်လိမ်းပေးတာ စတဲ့အရာတွေကိုလုပ်ဆောင်ပြီး အသားအရေးကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ဖို့လိုပါတယ်။

(၃) တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားပါ

Source : The Manual

တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာနဲ့ ရေချိုးတာတစ်ခုတည်းလုပ်ရုံလုံလောက်တယ်မဆိုနိုင်ပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုခေါင်းစဉ်အောက်မှာ အသားအရေထိန်းသိမ်းခြင်း ခန္ဓာကိုယ်အနံ့အသက်ကင်းစင်အောင်သန့်ရှင်းခြင်း အမွေးအမျှင်များရိတ်ခြင်း ခြေသည်းလက်သည်းများဂရုတစိုက်ညှပ်ခြင်း ဆံပင်ကိုသေသေသပ်သပ်ကြည့်ကောင်းအောင်ပုံသွင်းခြင်းစတဲ့ အရာတွေအားလုံးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း နုပျိုတဲ့အသွင်ကိုဆောင်ပြီး ကြည့်ကောင်းနေမှာဖြစ်ပါတယ်။

(၄) အိပ်ရေးဝဝအိပ်ပါ

Source : Freepik

အိပ်ရေးဝဝအိပ်စက်ခြင်းက နုပျိုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ အိပ်ရေးပျက်တာက အရွယ်မတိုင်မှီအိုမင်းရင့်ရော်ခြင်းကို တွန်းအားပေးတဲ့အပြင် စိတ်ကျခြင်း စိုးရိမ်ပူပင်ခြင်းနဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်သည်အထိ သင့်ကိုဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့် နုပျိုတဲ့အသွင်ကိုရချင်တယ်ဆိုရင်တော့ အိပ်ချိန်ကိုဂရုစိုက်ပြီး ညစဉ်ညတိုင်းကောင်းစွာ အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။