အသားအရေထိန်းသိမ်းခြင်းအတွက် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေနဲ့ ငွေကုန်ကြေးကျမြောက်များကုန်ကျခံမှ ဖြစ်တာမဟုတ်ပါဘူး။ တစ်ပတ်တစ်ခါလောက် မျက်နှာကို ရေနွေးငွေ့ပေးခြင်းဖြင့်လည်း သိသာတဲ့အကျိုးရလဒ်ကိုခံစားရမှာဖြစ်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတာ ဖတ်ကြည့်ရအောင်။

(၁) ချွေးပေါက်အတွင်းမှ ဖုန်နဲ့ အညစ်အကြေးများကို သန့်စင်ပေးတယ်

နေ့စဉ် ဖုန်နဲ့အညစ်အကြေးတွေ လေထုညစ်ညမ်းမှုတွေကြောင့် မျက်နှာပေါ်မှာ အညစ်အကြေးနဲ့ အဆီတွေစုဝေးကာ ချွေးပေါက်ပိတ်စို့ခြင်းတွေဖြစ်ပေါ်လေ့ရှိပါတယ်။ မျက်နှာကိုရေနွေးငွေ့ပေးခြင်းက ရေနွေးငွေ့ရဲ့ ခပ်နွေးနွေးအပူချိန်နဲ့အတူ ချွေးပေါက်ငယ်လေးတွေတဖြေးဖြေးပွင့်လာစေပါတယ်။ ချွေးပေါက်တွေပွင့်လာတဲ့အတွက် အရေပြားအတွင်းဆုံးအလွှာအထိ ဖုန် အညစ်အကြေးနဲ့ အဆီဖုတွေကို သန့်စင်ပေးနိုင်မှာဖြစ်ပြီး ကြည်လင်ရှင်းသန့်တဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်စေမှာပါ။

(၂) အရေပြားပေါ်ရှိဘက်တီးရီးယားနှင့်ဝက်ခြံဖြစ်စေတဲ့ဆဲလဲသေတွေကိုဖယ်ရှားပေတယ်

ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားရဲ့ဧရိယာအစိတ်အပိုင်းက အကြီးဆုံးဖြစ်ပြီး ဘက်တီးရီးယားနဲ့ ဆဲလ်အသေများခိုကပ်လို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ မျက်နှာအရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီယားတွေက ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေအတွက် အန္တရာယ်မပေးနိုင်ဘူးဆိုပေမယ့်လည်း အရေပြားပေါ်မှာနေရာယူထားတဲ့အတွက် အသားအရေအတွက်အောက်ဆီဂျင်ကောင်းစွာမထောက်ပံ့ပေးနိုင်တော့ပဲ ဝက်ခြံတွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။ မျက်နှာကိုတပတ်တစ်ကြိမ်ရေနွေးငွေ့ပေးမယ်ဆိုရင်တော့ အဆိုပါဘက်တီးရီးယားနဲ့ ဆဲလ်သေတွေကိုဖယ်ရှားသန့်စင်ပေးပြီး ဝက်ခြံကင်းစင်တဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

(၃) မျက်နှာအသားအရေအတွက်အောက်ဆီဂျင်များများပိုရစေတယ်

မျက်နှာကိုရေနွေးငွေ့ပေးတဲ့အခါ မျက်နှာပေါ်ကသွေးကြောမျှင်လေးတွေ ပိုမိုချဲ့ထွင်လာပြီး အောက်ဆီပိုမိုရရှိအောင် တွန်းအားပေးပါတယ်။ အောက်ဆီဂျင်များများပိုရတဲ့အခါ မျက်နှာအသားအရေက တင်းရင်းကြည်လင်နေပြီး ပန်းနုရောင်သန်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရစေမှာပါ။ သတိထားရမှာတစ်ခုက ဓာတ်မတည့်သူတွေနဲ့ ရေနွေးငွေ့အချိန်ကြာကြာပေးမိတဲ့သူတွေအနေနဲ့ အသားအရေနီမြန်းခြင်း ယားယံခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုနှေးကွေးစေတယ်

မျက်နှာပေါ်မှာအရေးအကြောင်းဖြစ်ခြင်းဆိုတဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လူတိုင်းလိုချင်ကြတာမဟုတ်ပါဘူး။ အိုမင်းရင့်ရော်ခြင်းနှင် မျက်နှာပေါ်မှာအရေးအကြောင်းတွေဖြစ်ခြင်းကို ကာကွယ်ဖို့ဆိုရင် ရေနွေးငွေ့ပေးခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ထို့သို့လုပ်ခြင်းဖြင့် မျက်နှာအရေပြားမှာ သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာစေပြီး ကော်လဂျင်နှင့် အီလက်စ်တင်ထုတ်လုတ်မှုပိုမိုမြင့်တက်လာပြီး အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုနှောင့်နှေးစေပါတယ်။

(၅) သဘာဝအတိုင်းရေဓာတ်ဖြည့်တင်းပေးတယ်

မျက်နှာကိုရေနွေးငွေ့ပေးခြင်းဟာ သဘာဝအတိုင်းရေဓာတ်ဖြည့်တင်းပေးတာဖြစ်တာကြောင့် အသားအရေကိုစိုစွတ်စေပြီး အချိန်တော်ကြာအစိုဓာတ်ကိုကြာရှည်စွာထိန်းထားပေးပါတယ်။