အလှအပဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေမှာ ရှားစောင်းလက်ပတ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ သဘာဝပစ္စည်းတစ်မျိုးအဖြစ် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ရှားစောင်းလက်ပတ်ပင်ဟာ အလှအပဆိုင်တင်မက ခေါင်းအစခြေအဆုံးအသုံးပြုလို့ရတဲ့ သဘာဝဆေးပင်တစ်မျိုးပါ။ ဒီနေ့မှာတော့ လူသိနည်းတဲ့ ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။

(၁) အသားအရေကျန်းမာလှပစေတယ်

Source : Tend Skin

ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝအလှကုန်ပစ္စည်းတစ်မျိုးပါ။ အသားအရေကိုသဘာဝအတိုင်းရေဓာတ်ဖြည့်တင်းပေးပြီး နေလောင်ဒဏ်ဖြစ်ပေါ်လာတဲ့ အသားအရေနီမြန်းယားယံခြင်းတွေ ဝက်ခြံနှင့်အမဲစက်ဖြစ်ပေါ်ခြင်းတွေ အသားအရေမညီညာခြင်းတွေ နဲ့ ပြတ်ရှဒဏ်တွေကိုပါ ထိထိရောက်ရောက်ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ အိပ်ယာမဝင်မှီ မျက်နှာတစ်ဝိုက် ရှားစောင်းလက်ပတ်ပွတ်လိမ်းပေးမယ်ဆိုရင် အရေပြားပေါ်ကဆဲလ်အသေတွေကိုဖယ်ရှားပြီး ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိုင်မှာပါ။

(၂) ခံတွင်းကျန်းမာရေးကောင်းစေတယ်

Source : Getty Images

ရှားစောင်းလက်ပတ်ကို သဘာဝသွားတိုက်ဆေးအဖြစ်လည်း အသုံးပြုလို့ရနိုင်ပါသေးတယ်။ ရှားစောင်းလက်ပတ်ဟာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများထက် ပိုပြီးယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ သွားဖုံရောင်ခြင်း သွေးထွက်ခြင်းနှင့် ပါးစပ်အတွင်းအပူဖုများပေါက်ခြင်းအတွက်လည်း ရှာစောင်းလက်ပတ်အနည်းငယ်ကပ်ပေးရုံနဲ့ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

(၃) အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေတယ်

Source : istock

ရှားစောင်းလက်ပတ်ဟာ အစာခြေစနစ်ကိုထူးခြားကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ အူသိမ်အူမရောဂါများ နှင့် အစာအိမ်ရောဂါတို့ကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုတစ်ခုအရ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်စေတဲ့ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားကြီးထွားမှုနှုန်းကို တားဆီးပေးပြီး အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အပံ့ပေးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်ကို ဖျော်ရည်အဖြစ်နဲ့ သောက်သုံးပေးနိုင်ပါတယ်။

(၄) ဝိတ်ကျစေတယ်

Source : Medical Transformation Center

ကမ္ဘာတစ်ဝှမ်းမှာ ရှားစောင်းလက်ပတ်ကို ဖျော်ရည် ဂျယ်လီ မုန့်ပဲသရေစာ စတဲ့ စားသောက်စရာများအဖြစ်နဲ့ စားသုံးသူပေါင်း သန်းနဲ့ချီရှီပါတယ်။ ရှားစောင်းလက်ပတ်ဟာ အလှအပရေးရာမှသာမက ကိုယ်အလေးချိန်ကျချင်သူတွေအတွက်လည်း အထူးသင့်တော်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ကိုယ်အလေးချိန်ကျစေတဲ့ ဗီတာမင် သတ္တုဓာတ် အမိုင်နိုအက်ဆစ်များ အင်ဇိုင်းများနှင့် စတီးရောလ်ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဝိတ်ချချင်သူတွေအတွက် ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည် သရေစာမုန့်တွေစားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေကာ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကိုရရှိစေမှာဖြစ်ပါတယ်။