အစာအဟာရဟာ ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ သို့သော်လည်း လိုအပ်တာထက်ပိုပြီး အလွန်အကျွံစားနေမိမယ်ဆိုရင် သင့်ရဲ့ ကိုယ်အလေးချိန်အဆမတန် တိုးလာနိုင်ပြီး ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အဝလွန်ခြင်း နှလုံးအဆီဖုံးခြင်း သွေးတိုး ဆီးချို စသည်ဖြင့် ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အလွန်အကျွံစားမိတက်တဲ့ အကျင့်ကိုရပ်တန့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။
(၁) အစီစဉ်ဆွဲပါ

Source : Skinny Ms
တစ်နေ့တာစားသောက်မယ့် အစားအစာတွေနဲ့ ပတ်သတ်ပြီး အစီအစဉ်ဆွဲခြင်းက အလျွန်အကျွံစားမိခြင်းကို ရပ်တန့်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ မနက်စာ နေ့လည်စာ ညစာတို့အပြင် သရေစာအနေနဲ့ စားသုံးမယ့်အစားအစာတွေကို ကြိုတင် Plan ချထားတဲ့အတွက် တစ်နေ့တာမှာ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း သင့်တင့်မျှတတဲ့ပမာဏကိုသာ စားဖြစ်မှာဖြစ်တာကြောင် စားသင့်တာထက်ပိုပြီး အလွန်အကျွံစားမိခြင်းကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။
(၂) အိပ်ခန်းကို ထမင်းစားခန်းမလုပ်ပါနဲ့

Source : Baamboozle
လူအများစုဟာ အိပ်ခန်းထဲ အထူးသဖြင့် အိပ်ယာပေါ်မှာ အစား စားရတာ နှစ်သက်သဘောကျကြပါတယ်။ တကယ်တော့ဒါဟာ သင့်ကိုအစားပိုစားမိစေတဲ့ လှည့်ကွက်တစ်ခုဖြစ်ပြီး သင့်ကိုကိုယ်အလေးချိန်တက်စေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အစားအစာတွေကို အိပ်ခန်းထဲ အိပ်ယာပေါ် ယူဆောင်လာခြင်းကို လုံးဝရှောင်ကျဉ်ပါ။
(၃) အစားမစားခင်ရေများများသောက်ပါ

Source : Getty Images
ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အစားမစားခင်ရေများများသောက်ခြင်းက ဆာလောင်မှုဒဏ်ကိုသက်သာစေပြီး အစားများများစားချင်တဲ့စိတ်ကိုလျော့နည်းစေနိုင်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ အစားမစားခင်ရေများများသောက်ပါ။ အချိုပါဝင်မှုနည်းတဲ့ သံပရာရည် လိမ္မော်ရည်ကဲ့သို့ လက်ဆတ်တဲ့ သဘာဝသစ်သီးဖျော်ရည်တွေလည်းသောက်သုံးပေးနိုင်ပါတယ်။
(၄) ဖြည်းဖြည်းစားပါ

Source : Healthy Meals
အစားအစာတွေကို မြန်မြန်စားသုံးခြင်းက ကျန်းမာရေးနှင့်လုံးဝမညီညွှတ်တဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ အစားမြန်မြန်စားတဲ့အခါ ဆာလောင်မှုပိုဖြစ်စေပြီး စားသင့်တဲ့ ပမာဏထက်ပိုပြီး များများစားမိတက်ပါတယ်။ဒါကြောင့်အစားစားမယ်ဆိုရင် လုံလောက်တဲ့အချိန်အတိုင်းအတာတစ်ခုယူပြီး ဖြည်းဖြည်းနဲ့နှေးနှေး သေချာစားဖို့အကြုံပြုချင်ပါတယ်။
