အလုပ်ခွင်ဆိုတာ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ရယ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လောက်ပဲ သင့်မြတ်အောင်နေတယ် သည်းခံတယ်ဆိုပေ့မယ် တစ်ခါတစ်လေမှာ သည်းမခံနိုင်တဲ့ ဒေါသဖြစ်စရာတွေ ကြုံလာတက်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဒေါသစိတ်ကြောင့် အမှားမလုပ်မိစေဖို့ အလုပ်ခွင်မှာ စိတ်တိုစရာကြုံလာတိုင်း အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ပြီး ဒေါသစိတ်ကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းလိုက်ပါနော်။
(၁) ခဏလောက်နှုတ်ဆိတ်ပြီးနေလိုက်ပါ

Source : 123RF.com
ဒေါသထွက်ဖို့ ဖြစ်လာပြီဆိုရင် သင့်ရဲ့စိတ်ကိုအရင်ဆုံးတည်ငြိမ်အောင်လုပ်ဖို့လိုအပ်ပါတယ်။ သွေးဆူပြီးဒေါသစိတ်နဲ့ တစ်ဖက်လူကို ချက်ချင်းတုန့်ပြန်မယ်ဆိုရင် စကားအမှားတွေပြောမိဖို့ ရာခိုင်နှုန်းက ပိုများပါတယ်။ ထိုအခါ မလိုအပ်ပဲ စကားဖောင်းပွမှုတွေဖြစ်ပြီး ပြဿနာတွေက ပိုကြီးထွားလာနိုင်ပါတယ်။ဒါကြောင့်အကောင်းဆုံးက ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်သွားအောင် အချိန်ခဏလေးပေးဖို့အကြံပြုချင်ပါတယ်။
(၂) လမ်းခဏလျောက်ပါ

Source : Texas Health
တစ်ခါတစ်လေမှာ ဒေါသစိတ်ကထိန်းချုပ်လေပိုခက်လေဖြစ်တက်ပါတယ်။ တစ်နေရာတည်းမှာထိုင်ပြီး ဒေါသပြေဖို့ကြိုးစားအတင်းဖိအားပေးကြိုးစားနေတာထက် လေကောင်းလေသန့်ရတဲ့နေရာမျိုး ဒါမှမဟုတ်လည်း ရုံးအပြင်ဘက်ခဏထွက်ပြီး (၅) မိနစ်လောက်လမ်းလျောက်ပေးလိုက်ပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားမှုပြုလုပ်ပေးတာက သင့်ရဲ့ဒေါသဖြစ်နေတဲ့ စိတ်ကို အမြန်ဆုံးလျော့ကျသက်သာစေနိုင်ပါတယ်။
(၃) ခွင့်လွတ်ပေးလိုက်ပါ

Source : Job Advice SA
ခွင့်လွတ်ခြင်းက အအေးချမ်းဆုံးနဲ့ ပညာရှိဆုံးတုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုဒေါသထွက်အောင်လုပ်တဲ့ သူတစ်ယောက်ကို ခွင့်လွတ်ဖို့ခက်ခဲမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် စိတ်လိုက်မာန်ပါ ရန်ကိုရန်နဲ့ တုန့်ပြန့်ခြင်းထက် ခွင့်လွတ်ပေးလိုက်ခြင်းက သင့်ကိုယ်အမှားတွေမကျူးလွန်မိဖို့ ဒေါသစိတ်နဲ့ သင့်ကိုယ်သင် မလောင်မြိုက်မိစေဖို့ ဟန့်တားပေးနေမှာဖြစ်ပါတယ်။
(၄) ဖြေရှင်းရမယ့်နည်းလမ်းကိုသာအာရုံစိုက်ပါ

Source : Solynta Energy
စိတ်တိုဒေါသထွက်စရာကိစ္စနဲ့ကြုံလာပြီဆိုရင် ဒေါသထွက်စရာကိစ္စကို အထပ်အထပ်အခါအခါပြန်တွေးပြီး အခဲမကြေဖြစ်နေခြင်းက သင့်ရဲ့ဒေါသစိတ်ကိုထိန်းချုပ်ဖို့ ပိုခက်ခဲသွားစေနိုင်ပါတယ်။ဒါကြောင့် ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကိုသာ စဉ်းစားပြီးအာရုံစိုက်ထားပါ။ ပြဿနာတိုင်းမှာအဖြေဆိုတာရှိပါတယ်။သင့်ရဲ့စိတ်ကိုအတည်ငြိမ်ဆုံးအနေအထားမှာနေပြီး ဖြေရှင်းရင် အကောင်းဆုံးရလဒ်ထွက်လာမှာဖြစ်ပါတယ်။
