မျက်လုံးဆိုတာ လူခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် ကျန်တဲ့နေရာတွေအတွက်တော့ မျက်စိရှိနေဖို့ လိုအပ်ပါတယ်။ ရှိနေရုံနဲ့လည်း မရသေးပြန်ဘူး။ ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ ဒီနေ့ kwee page က မျက်စိကျန်းမာရေးနဲ့ပက်သတ်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

နေကာမျက်မှန်တပ်ခြင်း

Source: Ferrier & MacKinnon

နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရဖန်များလျှင် အတွင်းတိမ်နှင့်  မြင်လွှာနောက်ခံသား ပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေ မြင့်မားလာတတ်ပါတယ်။ ဒါကြောင့် မျက်စိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန်နေကာမျက်မှန်တပ်သည့် အကျင့်ကို ကျင့်သုံးပေးပါ။

ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေစားပေးခြင်း

Source: Perfect.ensWorld

အသက်အရွယ်ကြီးမြင့်လာ သောကြောင့် ဖြစ်တတ်သော မျက်စိရောဂါများ (ဥပမာ-မြင်လွှာနောက်ခံအင်္ဂါပျက်စီးခြင်း၊အတွင်းတိမ်) စသည်တို့မှ ကာကွယ်ရန် အိုမီဂါ၃ အက်ဆစ်၊ ဇင့်ဓာတ်၊ လူတီယင်ဓာတ်၊ ဗီတာမင် စီနှင့် အီး တို့ပြည့်ဝနေရန်လိုအပ်သည်။ ဒီအာဟာရဓာတ်တွေကို  ဓာတ်တွေ ရရှိရန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပင်လယ်ငါး၊ ကြက်ဥ၊ အစေ့အဆန်၊ ပဲ အမျိုးမျိုး၊ ချဉ်သောအသီးများ၊ ကင်းမွန်၊ နှင့်  ဝက်သားတို့ကို စားပေးဖို့လိုအပ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ

Source: Canadian Association

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဒါ့အပြင်

ဆေးလိပ်သောက်ခြင်းဟာ အတွင်းတိမ်ရောဂါ၊ အမြင်အာရုံကြောပျက်ဆီးသည့်ရောဂါ နှင့် မြင်လွှာနောက်ခံသားပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေကို မြှင့်မားစေပါတယ်။ မျက်လုံးကျန်းမာရေးကို အလေးထားတယ်ဆိုရင်တော့ ဆေးလိပ်မသောက်ဖို့ (သို့) သောက်နေရင်လည်း ဖြတ်ဖို့ အကြံပေးပါရစေ။

ကွန်ပြူတာကို နားနားပြီးသုံးပါ

Source: All About Vision

ကွန်ပြူတာနှင့် အချိန်ကြာ ထိတွေ့လုပ်ကိုင်ရသူဖြစ်ပါက မကြာခဏအနားယူပေးဖို့လိုပါသည်။ ကွန်ပြူတာသုံးချိန်တွင် သင့်တော်မည့် မျက်မှန်မျိုးကို ဆရာဝန်နှင့်  တိုင်ပင်၍ တပ်ဆင်ပေးပါ။ ကွန်ပြူတာ မျက်နှာပြင် ကို မျက်စိကအနည်းငယ် ငုံ့ကြည့်ရသော အနေအထားတွင်ထားပါ။ မိနစ် (၂၀) ခန့် ကွန်ပြူတာသုံးပြီး တိုင်း မျက်စိကို အနားပေးသင့်ပြီး ၂ နာရီခြားတစ်ခါ  ကွန်ပြူတာသုံးပြီးတိုင်း (၁၅) မိနစ်ခန့် လမ်းလျှောက်ပေးပါ။ မျက်စိအစိုဓာတ်အတွက် မကြာခဏ မျက်တောင်ခတ်ပေးပါ။