အိမ်မွေးတိရိစ္ဆာန်တွေဟာ လူတွေရဲ့ဘဝမှာ တစိတ်တပိုင်း ပါဝင်ပက်သတ်နေကြပါတယ်။ တစ်ချို့ခွေးတွေဆိုရင် အိမ်မှာတင်မွေးကြတာမဟုတ်ဘဲ စစ်တပ်နဲ့ရဲလုပ်ငန်းတွေ ဘက်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် မွေးမြူကြတာတွေတောင်ရှိပါတယ်။ အရင်အချိန်တွေတုန်းကတော့ အိမ်မွေးတိရိစ္ဆာန်အဖြစ် ခွေးနဲ့ကြောင်တွေကိုသာ အဓိကထားမွေမြူကြပေမယ့် ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာတော့ ပူးလေးတွေ၊ အလှမွေးငါး၊ ငှက်လေးတွေနဲ့ ကြွက်ဖြူလေးတွေအပြင် အလှမြွေတွေ၊ ပုတ်သင်ကြီးမျိုး တွေပါ မွေးလာကြပြီဖြစ်ပါတယ်။ ဒီနေ့ kwee page က အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း ရှင်းပြပေးသွားမှာပါ။

တစ်နေ့တာလုံးပင်ပန်းလာပြီး အိမ်ကိုပြန်လာတဲ့အချိန်မှာ အမြီးတရမ်းရမ်းနဲ့ ပြေးကြိုတဲ့ ခွေးလေး (သို့) တညောင်ညောင်နဲ့ ကြောင်လေးတွေကို တွေ့လိုက်ရရင် ရုတ်တရက် အမောပြေသွားတာ တိရိစ္ဆာန်ချစ်သူတွေ သိနိုင်တဲ့ခံစားချက်ပါ။

အိမ်မွေးတိရိစ္ဆာန်တွေက သခင်ကို အကြွင်းမဲ့ချစ်ခင်ပြီး အမြဲနွေးနွေးထွေးထွေးလက်ခံကြိုဆိုတတ်ကြတယ်၊ သခင်လိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းအသင့်ရှိနေတတ်တယ်လို့ လေ့လာသူတွေက ပြောထားကြပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတယ်

Source: MarkeWatch

ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကြည့်လိုက်တဲ့အချိန်မှာ အာရုံကြောနဲ့ဆိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ oxytocin ထွက်ရှိလာတာကြောင့် စိတ်ကိုပျော်ရွှင်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးရင်ထွက်ရှိလာတတ်တဲ့ cortisol ဟော်မုန်းကိုလည်း လျော့ကျစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင် စိတ်ကျန်းမာရေးကုသရာမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အသုံးပြုလေ့ရှိကြပါတယ်။

စိတ်ကျဝေဒနာကို သက်သာစေနိုင်တယ်

Source: TopYaps

အိမ်မွေးတိရိစ္ဆာန်တွေက သခင်တွေကို အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ပြောဆိုချက်အရ ခွေးတွေဟာအထူးသဖြင့် ရောဂါကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို  မြှင့်တင်ပေးနိုင်တယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ စိတ်ကျဝေဒနာခံစားနေရတဲ့ သခင်ဖြစ်သူကို မကောင်းတဲ့အတွေးတွေတွေးမယ့်အစား တစ်ခုခုကို အာရုံစိုက်လာအောင် လုပ်ပေးနိုင်ပါတယ်။ သူတို့က သခင်ကိုဂရုစိုက်နေချိန်ဆို အမြဲရင်းရင်းနှီးနှီး ချစ်ခင်ပေးတတ်ကြပါတယ်။

အဆီကျစေနိုင်တယ်

Source: CDC

ခွေးဆိုတာ အကောင်းဆုံးလမ်းလျှောက်ဖော်ဖြစ်ပြီး သူငယ်ချင်းထက်တောင်ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ လေ့လာမှုတွေအရ ခွေးနဲ့အတူ လမ်းလျှောက်ထွက်သူတွေဟာ လူမိတ်ဆွေတွေနဲ့ လမ်းလျှောက်ထွက်သူတွေနဲ့ယှဉ်ရင် ပိုကျန်းမာကြောင်း တွေ့ရှိထားပါတယ်။

သွေးတိုးကို ကျစေတယ်

Source: TipsMake Good Tips Knowledge Life Sceince and Technology

တကယ်တော့ ခွေးလေး၊ကြောင်လေးတွေနဲအတူ ကစားပေးရင်းနဲ့ ကိုယ့်မှာလည်း သွေးဖိအားကိုလည်းကျစေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်။ လေ့လာမူတွေအရ သွေးတိုးကျဆေးတွေသောက်နေရသူတွေဟာ ကြောင် (သို့) ခွေးတစ်ကောင်မွေးပြီးနောက် စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ သွေးတိုးကိုကျသွားစေတာတွေ့ရတယ်လို့ သိရပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြှင့်တင်နိုင်တယ်

Source: Vail Daily

အိမ်မွေးတိရိစ္ဆာန်တွေက ဘာမှတွက်ချက်စဉ်းစားနေတာမရှိ၊ အစီအစဉ်မရှိ၊ မျက်နှာမလိုက်တတ်၊ သခင်ကဘယ်လိုပုံဖြစ်နေပါစေ၊ဘယ်လိုပြုမူနေထိုင်ပါစေ ဂရုမစိုက်တတ်ကြဘဲ သခင်ကိုအကြွင်းမဲ့ချစ်ခင်တွယ်တာတတ်တာကြောင့် သခင်ရဲ့စိတ်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်၊ယုံကြည်စိတ် တိုးလာစေနိုင်ပါတယ်။ ဘာတွေပဲဖြစ်နေပါစေ  ခွေးလေး၊ ကြောင်လေးတွေက  သခင်ကိုအရမ်းချစ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေနိုင်တာဖြစ်ပါတယ်။