လူတိုင်းအမှားနဲ့ မကင်းသလို ချစ်သူနှစ်ဦးကြားမှာလည်း တစ်ယောက်ကိုတစ်ယောက်အမှားတွေကျူးလွန်မိတက်ကြပါတယ်။ တစ်ချို့အမှားတွေကတောင်းပန်ရုံနဲ့ ပြေလည်နိုင်တဲ့ အမှားရှိသလို တစ်ချို့အမှားတွေကျတော့လည်း ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တဲ့အမှားမျိုးတွေလည်း ရှိပါတယ်။ဒီနေ့မှာတော့ စုံတွဲတိုင်းတိုင်းသတိထားသင့်တဲ့ ရှောင်နိုင်လေကောင်းလေအမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) လိမ်ညာခြင်း

Source : Aayaha
လိမ်ညာမှုကို ဘယ်သူမှမနှစ်သက်ကြပါဘူး။ လိမ်ညာတယ်ဆိုတာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတွေရိုက်ချိုးလိုက်မိတဲ့ အမှားမျိုးတစ်ခုပါ။ ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုကအရမ်းကိုအရေးကြီးတာကြောင့် လိမ်ညာခြင်းအမှားတွေကို ရှောင်ကိုရှောင်ရှားသင့်ပါတယ်။ ကိုယ်ချစ်သူကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင် လိမ်ညာမှုကင်းကင်းနဲ့ ရိုးသားမှုရှိတဲ့ချစ်ခြင်းနဲ့သာ ချစ်ဖို့အကြံပြုချင်ပါတယ်။
(၂) ကိုယ့်သဘောဆန္ဒကိုပဲရှေ့တန်းတင်ခြင်း

Source : Freepik
Relationship တစ်ခုရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သူနှစ်ဦးကြားမှာ ညှိနှိုင်းတိုင်ပင်ဖို့ကိုလည်း ထည့်စဉ်းစားဖို့အရေးကြီးပါတယ်။ အမြဲတမ်းကိုယ့်သဘောဆန္ဒ ကိုယ့်ဆုံးဖြတ်ချက်ကိုပဲ တဖက်လူက လိုက်လျောပေးနေရရင် ရေရှည်အတွက်အဆင်မပြေနိုင်ပါဘူး။ဒါကြောင့် တစ်ကိုယ်ကောင်းမဆန်ပဲ ဘာပဲလုပ်လုပ် သူရောကိုယ်ရောရဲ့ သဘောထည့်ဆန္ဒကိုထည့်တွက်စဉ်းစားပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
(၃) အမှတ်တရနေ့တွေမေ့ခြင်း

Source : Verywell Mind
မိန်းကလေးအများစုက သူမနဲ့ပတ်သတ်တဲ့အမှတ်တရနေ့တွေ ဒါမှမဟုတ် Relationship နဲ့ ပတ်သတ်တဲ့ အမှတ်တရနေ့တွေကို အလွန်အမင်းတန်ဖိုးထားကြပါတယ်။ ဥပမာသူမရဲ့ မွေးနေ့ ချစ်သူနှစ်ပတ်လည်နေ့ စသဖြင့် ဒီလိုနေ့စွဲတွေကို မှတ်မှတ်ရရရှိစေချင်ကြပါတယ်။ အမှတ်တရနေ့တွေမှာ ကြီးကြီးမားမားလက်ဆောင်ပစ္စည်းတွေမပေးနိုင်ရင်တောင် Happy Anniversary ဆိုတဲ့စာတိုပေးပို့မှုလေးတော့ တောင်းတကြတာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ အမှတ်တရနေ့တွေကို မေ့မနေဖို့ အရေးကြီးပါတယ်။
(၄) အားနည်းချက်ကိုထိုးနှက်ခြင်း

Source : Psychology Today
လူတိုင်းက ပြီးပြည့်စုံနေတယ်ဆိုတာတော့ မရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာအားနည်းချက် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအားနည်းချက် တစ်ခုခုတော့ရှိနေတက်ပါတယ်။ဒီလို လူတစ်ယောက်ရဲ့ အားနည်းချက်ကို ထိုးနှက်ပြီး အနိုင်ယူတာက လူကြီးလူကောင်းဆန်တဲ့ အမူအရာတစ်ခုဖြစ်သလို ချစ်သူကောင်းတစ်ယောက်လည်း ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရန်ဖြစ်စကားများတဲ့အချိန်ဖြစ်ဖြစ် စနောက်ပြီးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကိုဘယ်တော့မှမပြောသင့်ပါဘူး။
