မိဘတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ပညာရှိပြီးတော်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ဆိုတာ ပိုပြီးတောင် ခက်ခဲပါသေးတယ်။

ဒီနေ့ kwee page က ကလေးတစ်ယောက်ပြုစုပျိုးထောင်ဖို့အတွက် မိဘတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေအကြောင်း ပြောပြပေးလိုက်ပါတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
သူတို့ရဲ့အချိန်တွေ အားလုံးကို ကလေးနဲ့အတူ ဖြတ်သန်းကြတယ်။ ကလေးကို တစ်ယောက်ထဲနေတတ်အောင် မသင်ကြားပေးဘူး ကလေးတွေကို မိမိကိုယ်ကိုဂရုစိုက်တတ်အောင် သင်ကြားပေးတယ်။ ဥပမာတွေ လုပ်ပြပေးတယ်။ တစ်ယောက်ထဲ နေတတ်အောင် သင်ကြားပေးတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
ပြသာနာရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ဖြေရှင်းကြတယ်။ ပြသာနာ ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ကြတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
အဖြေတွေ ပေးကြတယ်။ အဖြေတွေကို ရှာတတ်အောင် သင်ကြားပေးတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
မင်း ဘာမှမသိဘူးလို့ ပြောကြတယ်။ သေချာပြန်စဉ်းစား။ အဖြေထွက်လာလိမ့်မယ် လို့ပြောကြတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
အခြားလူတွေကို ဥပမာအနေနဲ့ စံထားပြီး ဆုံးမကြတယ်။ ကလေးတွေကို ကိုယ်ပိုင်ဟန်ဖြင့် နေနိုင်အောင် အားပေးကြတယ်။

                                 သာမန် မိဘများ                        ပညာရှိတဲ့မိဘများ
ပြသာနာတွေ မဖြစ်အောင် အမှားတွေမလုပ်မိအောင် ကလေးတွေကို အမြဲတမ်းကြည့်ရှုရှောက်စောက်ကြတယ်။ တစ်ခါတစ်လေ အမှားတွေကို လုပ်ခွင့်ပေးလိုက်ပြီး သင်ခန်းစာယူစေတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
“မလုပ်နဲ့လို့” ပြောပြီး တားကြတယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို တွေကို စဉ်းစားခိုင်းစေတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
ကောင်းမွန်တဲ့ မိဘဖြစ်အောင်ကြိုးစားကြတယ်။ သဘာဝကျကျနေနိူင်ဖို့နဲ့ ပွင့်ပွင့်လင်းလင်းနေနိုင်အောင် ကြိုးစားကြတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
ကလေးတွေကို ဘာလုပ်ဖို့လိုအပ်သလဲဆိုတာကို ပြောပြကြတယ်။ ကလေးတွေကို ဒီလိုလုပ်တာ (သို့) ဟိုလိုလုပ်တာက ဘာ့ကြောင့် ကောင်းသလဲဆိုတာကို ပြောပြကြတယ်။

သာမန် မိဘများ ပညာရှိတဲ့မိဘများ
ကတိစကားတွေ တောင်းဆိုကြတယ်။ ကတိစကားတည်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို နည်းလမ်းပြပေးတယ်။

Source: Bright Side