(Unicode)

လူတွေအကုန်အိပ်စက်နေတဲ့ ညနက်အချိန်တွေမှာ သင်ဟာအိပ်မပျော်နိုင်ဖြစ်နေပါသလား။ တစ်ည၊ နှစ်ညတော့ ဘာမှမဖြစ်လောက်ပေမယ့် ရက်ပေါင်းကြာလာတဲ့အခါမှာ ကျန်းမာရေးအတွက် စိုးရိမ်စရာကိစ္စတစ်ခုဖြစ်လာပြီပေ့ါ။ ဒီလိုညဘက်တွေအိပ်မပျော်ခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားကြမလဲ။

စောင်တွေရဲ့အကူအညီကိုယူလိုက်ပါ

Source: Honest Mattress Reviews

လေ့လာမှုအရ စောင်တွေဟာ သင့်ကိုကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ စောင်တွေဟာ များသောအားဖြင့် လေးလံတတ်ပါတယ်။ သင့်ကိုနွေးထွေးခြင်းကိုလည်း ပေးနိုင်ပါတယ်။ ညနက်တဲ့အထိ အိပ်မပျော်တဲ့အခါ စောင်ခြုံပြီးနွေးနွေးထွေးထွေးအနားယူကြည့်လိုက်ပါ။ မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။

စာအုပ်တွေရဲ့အကူအညီကို ယူလိုက်ပါ

Source: metroecuador.com.ec

ညအိပ်မပျော်ခြင်းဟာ မျက်လုံးကြွက်သားတွေ လန်းဆန်းတက်ကြွနေလို့ပါပဲ။ လူကပင်ပန်းနေပေမယ့် တခါတလေ မျက်လုံးကြွက်သားတွေက အရမ်းအားကောင်းနေတတ်ပါတယ်။ ညမအိပ်ခင် စာဖတ်တဲ့အကျင့်ကို ပြုလုပ်ပေးကြည့်ပါ။ မျက်လုံးဟာ အာရုံစူးစိုက်ရတဲ့အတွက် အချိန်တစ်ခုအရောက်မှာ ကြွက်သားတွေ အားနည်းလာပါလိမ့်မယ်။ မကြာခင် သင်ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပြီပေ့ါ။

ဖုန်းနဲ့ကွန်ပြူတာတွေကို သိမ်းလိုက်ပါ

Source: Reader’s Digest

ညရောက်တဲ့အခါမှာ လက်ကိုင်ဖုန်းနဲ့ကွန်ပြူတာတွေကို သင်နဲ့ဝေးဝေးမှာထားဖို့လိုပါတယ်။ ညနက်တဲ့အထိ သူတို့ကိုအသုံးမပြုသင့်ပါဘူး။ မျက်လုံးဟာ ဖုန်းနဲ့ကွန်ပြူတာကလာတဲ့ စူးရှလွန်းတဲ့အလင်းရောင်တွေကြောင့် မျက်စိကြောင်သွားတတ်ပါတယ်။

ကော်ဖီနဲ့ကဖိန်းဓတ်ပါတဲ့ အရည်တွေရှောင်ပါ

Source: Mental Floss

ကဖိန်းဓတ်ဟာ သင့်ရဲ့အာရုံကြောတွေကို နိုးကြားတက်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ညအိပ်ခါနီးမှာ ကော်ဖီသောက်တာမျိုး၊ လက်ဖက်စားတာမျိုးကို လုပ်ဆောင်မိပြီဆိုရင် သင်ဟာအိပ်စက်ခြင်းနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။

(Zawgyi)

လူေတြအကုန္အိပ္စက္ေနတဲ့ ညနက္အခ်ိန္ေတြမွာ သင္ဟာအိပ္မေပ်ာ္နုိင္ျဖစ္ေနပါသလား။ တစ္ည၊ နွစ္ညေတာ့ ဘာမွမျဖစ္ေလာက္ေပမယ့္ ရက္ေပါင္းၾကာလာတဲ့အခါမွာ က်န္းမာေရးအတြက္ စိုးရိမ္စရာကိစၥတစ္ခုျဖစ္လာၿပီေပ့ါ။ ဒီလုိညဘက္ေတြအိပ္မေပ်ာ္ျခင္းကို ဘယ္လိုနည္းလမ္းေတြနဲ႔ ကုစားၾကမလဲ။

ေစာင္ေတြရဲ႕အကူအညီကုိယူလုိက္ပါ

Source: Honest Mattress Reviews

ေလ့လာမႈအရ ေစာင္ေတြဟာ သင့္ကိုေကာင္းမြန္စြာ အိပ္စက္နုိင္ေအာင္ ကူညီေပးနုိင္ပါတယ္။ ေစာင္ေတြဟာ မ်ားေသာအားျဖင့္ ေလးလံတတ္ပါတယ္။ သင့္ကိုေႏြးေထြးျခင္းကုိလည္း ေပးနုိင္ပါတယ္။ ညနက္တဲ့အထိ အိပ္မေပ်ာ္တဲ့အခါ ေစာင္ၿခံဳၿပီးေႏြးေႏြးေထြးေထြးအနားယူၾကည့္လုိက္ပါ။ မၾကာခင္ အိပ္ေပ်ာ္သြားပါလိမ့္မယ္။

စာအုပ္ေတြရဲ႕အကူအညီကုိ ယူလုိက္ပါ

Source: metroecuador.com.ec

ညအိပ္မေပ်ာ္ျခင္းဟာ မ်က္လံုးၾကြက္သားေတြ လန္းဆန္းတက္ၾကြေနလို႔ပါပဲ။ လူကပင္ပန္းေနေပမယ့္ တခါတေလ မ်က္လံုးၾကြက္သားေတြက အရမ္းအားေကာင္းေနတတ္ပါတယ္။ ညမအိပ္ခင္ စာဖတ္တဲ့အက်င့္ကို ျပဳလုပ္ေပးၾကည့္ပါ။ မ်က္လံုးဟာ အာရံုစူးစိုက္ရတဲ့အတြက္ အခ်ိန္တစ္ခုအေရာက္မွာ ၾကြက္သားေတြ အားနည္းလာပါလိမ့္မယ္။ မၾကာခင္ သင္ေကာင္းမြန္စြာ အိပ္စက္အနားယူနုိင္ၿပီေပ့ါ။

ဖုန္းနဲ႔ကြန္ျပဴတာေတြကို သိမ္းလုိက္ပါ

Source: Reader’s Digest

ညေရာက္တဲ့အခါမွာ လက္ကိုင္ဖုန္းနဲ႔ကြန္ျပဴတာေတြကို သင္နဲ႔ေ၀းေ၀းမွာထားဖုိ႔လုိပါတယ္။ ညနက္တဲ့အထိ သူတုိ႔ကုိအသံုးမျပဳသင့္ပါဘူး။ မ်က္လံုးဟာ ဖုန္းနဲ႔ကြန္ျပဴတာကလာတဲ့ စူးရွလြန္းတဲ့အလင္းေရာင္ေတြေၾကာင့္ မ်က္စိေၾကာင္သြားတတ္ပါတယ္။

ေကာ္ဖီနဲ႔ကဖိန္းဓတ္ပါတဲ့ အရည္ေတြေရွာင္ပါ

Source: Mental Floss

ကဖိန္းဓတ္ဟာ သင့္ရဲ႕အာရံုေၾကာေတြကို နုိးၾကားတက္ေအာင္ စြမ္းေဆာင္ေပးနုိင္ပါတယ္။ ညအိပ္ခါနီးမွာ ေကာ္ဖီေသာက္တာမ်ိဳး၊ လက္ဖက္စားတာမ်ိဳးကို လုပ္ေဆာင္မိၿပီဆုိရင္ သင္ဟာအိပ္စက္ျခင္းနဲ႔ အလွမ္းေ၀းသြားနုိင္ပါတယ္။