စာဖတ်ပရိသတ်တွေထဲမှာ Long Distance Relationship တစ်ခုတည်ဆောက်ထားကြသူတွေရှိလား။ တကယ်တော့ Long Distance Relationship တစ်ခုက သာမာန်ချစ်သူစုံတွဲတွေထက် ယုံကြည်မှု နားလည်မှုတွေပိုတည်ဆောက်ဖို့လိုပြီး အခက်အခဲတွေပိုများပါတယ်။ ဒီနေ့မှာတော့ LDRS ချစ်သူတွေအတွက် အနေဝေးနေပေမယ့် သွေးအေးမသွားပဲ ခိုင်မြဲတဲ့အချစ်ရေးတစ်ခုတည်ဆောက်နိုင်စေဖို့ အကြံပြုချက်တချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) သံသရကင်းအောင်နေပါ

Source :iStock

အနေဝေးနေကြတဲ့ ချစ်သူနှစ်ဦးကြားမှာအရေးကြီးဆုံးက ယုံကြည်မှုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချထားနိုင်မှာလည်း ခိုင်မာတဲ့ဆက်ဆံရေးကိုရရှိနိုင်မှာပါ။ ဒါကြောင့် ကိုယ်ချစ်သူအထင်လွဲစေမယ့် စိုးရိမ်စိတ်နှင့် သံသရစိတ်တွေဝင်စေမယ့် ကိစ္စတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပါ။ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ်ချနေရင် အချစ်တွေလျော့သွားနိုင်မှာမဟုတ်ပါဘူး။

(၂) ပုံမှန်တွေ့နေကြအချိန်တစ်ခုသတ်မှတ်ပါ

Source : Insider

ချစ်သူနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက်ဝေးနေတယ်ဆိုတော့ ဖုန်းတွေ အွန်းလိုင်း App တွေအသုံးပြုပြီးပဲ ဆက်သွယ်လို့ရမှာပါ။ ဒါပေမယ့် အချိန်တိုင်း ဖုန်းပြောနေတာ အွန်းလိုင်းပေါ်ကစကားပြောနေတာမျိုးတော့မလုပ်သင့်ပါဘူး။ ကိုယ်စီနေ့စဉ်လုပ်ငန်းဆောင်တာတွေ အလုပ်တာဝန်တွေရှိနေနိုင်တာကြောင့် အချိန်တိုင်းအဆက်အသွယ်လုပ်မယ့်အစား နှစ်ယောက်လုံးအားလပ်မယ့်အချိန်တစ်ခုကိုညှိပြီး ပုံမှန်စကားပြောတဲ့အချိန် ဖုန်းပြောတဲ့အချိန်လေးတစ်ခုသတ်မှတ်ထားတာပိုကောင်းပါတယ်။

(၃) စိတ်ချင်းနီးကပ်စွာနေပါ

Source : Daily Mail

လူချင်းဝေးပေမယ့် စိတ်ချင်းအမြဲနီးကပ်နေရင် တစ်ယောက်ကိုတစ်ယောက် အချစ်တွေလျော့သွားဖို့ အကြောင်းမရှိပါဘူး။ မတွေ့ရတဲ့အချိန်မှာတောင် ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံလေးတွေပြန်ကြည့်မယ် လူချင်းတွေ့ရမယ့်နေ့ရက်လေးတွေကို ရေတွက်နေမယ် ကိုယ်ချစ်သူအကြောင်းတွေးမယ် စတဲ့အရာလေးတွေလုပ်ဆောင်မယ်ဆိုရင် လူချင်းဝေးပေမယ့် နှလုံးသားချင်း စိတ်ချင်းကတော့ အမြဲနီးကပ်နေပြီး အချစ်တွေပိုတိုးလာမှာဖြစ်ပါတယ်။

(၄) ဂရုစိုက်ကြင်နာစွာဆက်ဆံပါ

Source : Pinterest

လူချင်းအတူတူရှိနေမှ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြင်နာမှုတွေပေးနိုင်မှာမဟုတ်ပါဘူး။ ဝေးနေပေမယ့်လည်း ကိုယ်ချစ်သူအပေါ် နွေးထွေးကြင်နာစွာဆက်ဆံပေးလို့ရပါတယ်။ ကိုယ်ချစ်သူ ဝမ်းနည်းနေချိန် စိတ်ပျက်အားငယ်နေချိန်မှာ အားပေးစကားလေးတွေပြောပေးတာမျိုး အချိန်မှန်အဆက်သွယ်လုပ်တာ စကားလေးတွေပြောပေးတာမျိုး သူမစိတ်ဆင်းရဲစေမယ့် လုပ်ရပ်တွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ပေးတာမျိုး စသည်ဖြင့် နွေးထွေးကြင်နာစွာ ချစ်ပေးမယ်ဆိုရင် အနေဝေးပေမယ့်လည်း သွေးအေးတာမျိုးဖြစ်မှာမဟုတ်ပါဘူး။