ကမ္ဘာတစ်ဝှမ်းက တစ်ချို့နိုင်ငံတွေမှာ တက်တူးနဲ့ပတ်သတ်ပြီး ချမှတ်ထားတဲ့ ထူးထူးခြားခြားစည်းမျဉ်းတွေရှိပါတယ်။ တစ်ခါတစ်ရံမှာ သာမာန်တက်တူးပုံတစ်ခုလို့ထင်မှတ်ထားတဲ့ တက်တူးတစ်ခုက တစ်ချို့နိုင်ငံတွေမှာတော့ ပြင်းပြင်းထန်ထန်ကွန့်ကွက်ထားတဲ့ အရာတစ်ခုဖြစ်နေတက်ပါတယ်။ ဒီနေ့မှာတော့ သင့်ကိုအကြီးအကျယ် ပြဿနာဖြစ်သွားစေနိုင်တဲ့ ကမ္ဘာတစ်ဝှမ်းမှ ထူးဆန်းသော တက်တူးစည်းမျဉ်းစည်းကမ်းများကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ထိုင်း

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာကိုအများစုကိုးကွယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နေရာတော်တော်များများမှာ ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်တဲ့ အထွဋ်အမြတ်နေရာတွေ အများအပြားရှိပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံကိုအလည်ပတ်လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဒေသခံတွေကို ဗုဒ္ဓဦးခေါင်းတော်ပုံပါတဲ့ တက်တူးပုံထိုးခြင်းအား အပြင်းအထန်ကန့်ကွက်ထားပါတယ်။

(၂) ဒိန်းမတ်

ဒိန်းမတ်နိုင်ငံမှာ မျက်နှာ လည်ပင်းနှင့် လက်တို့လိုနေရာတွေမှာ တက်တူးရေးထိုးခြင်းက တရားမဝင်ပါဘူး။ ၁၉၉၆ ခုနှစ်ကတည်းက ဒိန်းမတ်နိုင်ငံသားတွေကို မျက်နှာ လည်ပင်းနှင့် လက်တွေမှာ တက်တူးရေးထိုးကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီဥပဒေကို တင်းတင်းကြပ်ကြပ်လိုက်နာခြင်းမရှိတော့ပဲ တက်တူးရေးထိုးသူ အနည်းငယ်ရှိလာတယ်ဆိုပေမယ့်ဘာပဲဖြစ်ဖြစ်သင့်အနေနဲ့ ဒိန်းမတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အထက်မှာပြောထားတဲ့ နေရာတွေကိုတက်တူးထိုးမသွားတာ အကောင်းဆုံးဖြစ်မှာပါ။

(၃) ဂျပန်

ဂျပန်နိုင်ငံမှာ တက်တူးထိုးခြင်းကို ပိတ်ပင်ထားခြင်းမရှိသော်လည်း သင့်ရဲ့ ခန္ဓာကိုယ်မှာ တက်တူးပုံတစ်ခုရှိနေရင် နေရာတိုင်းကိုသွားချင်တိုင်းသွားလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရှေးခေတ်ကာလတွေမှာကတည်းက တက်တူးပုံရိပ်တွေဟာ ရာကူဇာဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားကြလို့ပါ။ ဒါကြောင့် သင့်အနေနဲ့ စားသောက်ဆိုင် ဘားတွေ ရေကူးကန်တွေ အားကစားရုံတွေနဲ့ တခြားအများပြည်သူဆိုင်ရာနေရာများကိုသွားတော့မယ်ဆိုရင် တက်တူးတွေကို ဖုံးသွားဖို့လိုပါလိမ့်မယ်။

(၄) မလေးရှား

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်အထူးသဖြင့် ဆွန်နီမွတ်ဆလင် လူမျိုးတွေဟာ ခန္ဓာကိုယ်မှာတက်တူးရေးထိုးခြင်းကို တားမြစ်ထားပါတယ်။ ဘာကြောင့်လည်းဆိုရင် ဘုရားရှင်ကလူတွေရဲ့ခန္ဓာကို ဖန်ဆင်းပေးထားတာလို့ယုံကြည်နေပြီး တက်တူးရေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်သွားတယ်လို့ လက်ခံထားကြလို့ပါ။ အကယ်၍သင့်အနေနဲ့ မလေးရှားနိုင်ငံကိုသွားဆိုရင် အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ စာလုံးတွေရေးထိုးခြင်းကိုရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

(၅) ဟာဝိုင်ယီ

ဟာဝိုင်ယီပြည်နယ်မှာတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးဘက်ဆိုင်ရာဆရာဝန်တွေရဲ့ ထောက်ခံချက်မရှိပဲ နားအနောက်နှင့် မျက်ခုံးတို့မှာ တက်တူးထိုးခွင့်မရှိပါဘူး။ ဒီလိုအလှအပနဲ့သက်ဆိုင်တဲ့ တက်တူးတွေအားလုံးကို လိုင်စင်နဲ့ခွင့်ပြုချက်ရရှိထားတဲ့ ဆေးဖက်ဆိုင်ရာပညာရှင်တွေများရဲ့ခွင့်ပြုချက်ရရှိမှသာ ရေးထိုးလို့ရမှာဖြစ်ပါတယ်။