အခုခေတ်လူငယ် တွေကဆံပင်ဆေးရောင်အမျိုးမျိုးဆိုးရတာကို သဘောကျနှစ်ခြိုက်ကြတယ်။ ဒါပေမယ့် ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် သူ့ရဲ့ဆိုးကျိုးလေးတွေကိုသိထားဖို့တော့ လိုအပ်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့  ဓာတ်မတည့်မှုတွေ နဲ့ ခေါင်းကိုက်တာတွေကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။

ဆံပင်ဆိုးဆေးဆိုးတာက ကြည့်လို့လှတယ်ဆိုပေမယ့် ဆံပင်ဆိုးဆေးတွေထဲမှာပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်အပေါ်မှာ ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို kwee page ကပြောပြပေးလိုက်ပါတယ်။

အရေပြားမှာ အဖုအပိမ့်တွေထွက်စေနိုင်တယ်

Source: wiseGeek

ဆံပင်ဆိုးဆေးတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ ဦးရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆံပင်ဆိုးဆေး အသုံးပြုတဲ့နေရာတိုင်း နဲ့ ထိတွေ့မိတဲ့ နေရာတိုင်းမှာ အဖုအပိမ့်တွေဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို ဓာတ်မတည့်မှုတွေခံစားရမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဆံသားပျက်စီးလွယ်ခြင်း

Source: Everyday Health

ဆံပင်ကိုမကြာခဏ အရောင်ဆိုးနေမယ်ဆိုရင် ဆံပင်ဆိုးဆေးထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးနိုင်ပါတယ်။ ဆံသားကခြောက်သွေ့ ပျက်စီးတာတွေဖြစ်စေနိုင်ပြီး ဆံသားတောက်ပြောင်မှုလည်းကင်းမဲ့သွားစေပါတယ်။

အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ခြင်း

Source: NH

ဆံပင်ဆိုးဆေးတွေက အရေပြားဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို၊ အရေပြားမှာ အနီကွက်တွေဖြစ်ပေါ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အရေပြားအဖက်တွေကွာကျသလို ယားယံတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

ကင်ဆာ

Source: Poison Control

ဓာတ်ခွဲခန်းတွေမှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေအရ ဆံပင်ဆိုးဆေးမှာပါတဲ့ PPD ကဒီအင်န်အေလ်ဆဲလ်တွေကို ပျက်စီးစေနိုင်သလို ကင်ဆာရောဂါလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ PPD ပါဝင်မှုနည်းတဲ့ဆံပင်ဆိုးဆေးတွေကတောင် အဆိုပါထိခိုက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

Source: Yahoo News Malaysia

လေ့လာမှုတွေအရ ဆံပင်ဆိုးဆေးတွေနဲ့ အထိတွေ့အများဆုံးဖြစ်တဲ့ ဆံပင်အလှပြုပြင်သူတွေမှာ အရေပြားဓာတ်မတည့်မှုတွေဖြစ်ပေါ်ခံစားရနိုင်ခြေ နဲ့ ပန်းနာရင်ကျပ်ဝေဒနာခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ PPD ကပန်းနာရင်ကျပ် ဖြစ်နိုင် ခြေကိုတိုးစေနိုင်သလို ဆံပင်အရောင်ချွတ်ရာမှာအသုံးပြုတဲ့ persulfates ကလည်း ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။