ခေါင်းကိုက်ဝေဒနာဟာ တကယ်ကိုခံစားရခက်စေတဲ့ ဝေဒနာတစ်ခုပါ။ ခေါင်းကိုက်ခြင်းကိုစေတဲ့အကြောင်းအရင်းတွေများစွာရှိပြီး အများစုတော့ အိပ်ရေးပျက်ခြင်း စိတ်ဖိစီးမှုများခြင်း ရေဓာတ်ခမ်းခြောက်ခြင်း နေထိုင်မှုပုံစံမှားခြင်းစတဲ့အရာတွေကြောင့်အဖြစ်များပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်အနေနဲ့ ခေါင်းကိုက်လာပြီဆိုရင်အခုပြောပြမယ့် စားစရာတွေနဲ့ကိုသာသတိရလိုက်ပါ။

(၁) ရေ

Source : www.coffeeteaimagazine.com

ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ရေဓာတ်ဆုံးရှုံးခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်စေတဲ့ ခေါင်းကိုက်ဝေဒနာကို ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းနဲ့ ကုစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ ရေများများသောက်ဖို့လိုအပ်ပါတယ်။

(၂) ဒိန်ချဉ်

Source  : Verywell Fit

ဒိန်ချဉ်မှာ မီတာမင် B Complex အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Riboflavin ပမာဏမြင့်မားစွာပါဝင်ပြီး ၎င်းက ခေါင်းကိုက်ခြင်းကိုသက်သာစေပါတယ်။ ခေါင်းကိုက်တက်တဲ့သူတွေအနေနဲ့ မနက်ခင်းမှာ ဒိန်ချဉ်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းသက်သာစေမှာဖြစ်ပါတယ်။

(၃) ဟင်းနုနွယ်

Accelerate Natural Health

ဟင်းနုနွယ်ရွှက်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် ကြွယ်ဝစွာပါဝင်ပြီး သွေးဖိအားကိုလည်းကောင်းမွန် စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ မဂ္ဂနီစီယမ်ဓာတ်တွေလည်းများစွာပါဝင်ပါတယ်။ မဂ္ဂနီစီယမ်က ခေါင်းကိုက်ခြင်းနှင့် တစ်ခြမ်းကိုက်ခြင်းကို သက်သာစေတာကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ ဟင်းနုနွယ်စားသုံးပေးဖို့အကြံပြုချင်ပါတယ်။

(၄) ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံများ

Source : Fyens Stiftstidende

အပေါ်မှာပြောခဲ့သလို ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်မှုဖြစ်တဲ့အခါ သွေးပေါင်ချိန်ကျစေပြီး ဦးနှောက်ကိုအောက်ဆီဂျင်ပေးပို့မှုနည်းသွားတာကြောင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။ ဖရဲသီး သခွားသီး မုလာဥကဲ့သို့သောလတ်ဆတ်တဲ့အသီးအနှံတွေက ခန္ဓာကိုယ်အတွက်တစ်နေ့တာလုံးလိုအပ်တဲ့ ရေဓာတ်ပမာဏကိုဖြည့်တင်းတာကြောင့် ခေါင်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်။