စိတ်ဖိစီးမှုဆိုတာ လူတိုင်းနီးပါကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးမှုက ကျန်းမာရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို နဲ့တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာမှုတွေက ဖော်ပြထားကြတာကိုလည်း တွေ့ရပါတယ်။
စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။
ဒီနေ့ kwee page ကစိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ချို့ကို ပြောပြပေးသွားမှာပါ။
အိပ်ရေးဝဝအိပ်ပါ

Source: A Healthier Michigan
အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းက သင့်ကိုစိတ်ကျစေပါတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်ညကို အိပ်ချိန် (၆-၈) နာရီကြားမှာရှိသင့်ပါတယ်။ ဒါမှသာ စိတ်ဖိစီးမှု တွေထိန်းချုပ်နိုင်မှာဖြစ်သလို နောက်ထပ်စိတ်ဖိစီးမှုတွေကိုလည်း ကာကွယ်နိုင်မှာပါ။
တရားထိုင်ပေးပါ

Source: Yoga Journal
အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကိုကျစေပါတယ်။ အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။ မိမိအကြိုက်အပေါ်မူတည်ပြီးတော့ တရားထိုင်တာ လုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

Source: Intermountain Healthcare
လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောင်းဆုံး စိတ်အချရဆုံးနဲ့ အကန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။
စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ပါ

Source: Prosper Health Collective
မိမိကိုစိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းလိုက်တာက သင့်ကိုစိတ်ဖိစီးမှုကနေ ကင်းလွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေဆို ဘယ်သူတွေ ဘာဘဲလာ တောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင် ကြိုးစားပါ။
ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင်ကြိုးစားပါ

Source: Healthline
သင့်ဘဝမှာ သင်ဘယ်လောက်ပဲကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေ ရှိပါတယ်။ ဥပမာ မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို မိမိလိုသလို မပြောင်းလဲနိူင်ဘူး။ အဲဒီအစား သင်မပြောင်း လဲနိုင်တဲ့အရာတွေကို လက်ခံနိုင်အောင်ကြိုးစားပေးပါ။
