ဒေါသစိတ်ကသင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ ဒေါသနောက်ကိုလိုက်မိရင် နောက်ဆက်တွဲဆိုးတွေအနေနဲ့ မမှားသင့်တဲ့အမှားတွေကိုကျူးလွန်လာမိစေတာဖြစ်ပါတယ်။ ဒေါသစိတ်ကသင့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်အပေါ်ကောင်းကျိုးမရှိစေတာကြောင့် ဒေါသစိတ်တွေကိုဖြေဖျောက်တက်ဖို့အရေးကြီးပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ သင့်ရဲ့ ဒေါသကိုအမြန်ဆုံးပြေငြိမ်းစေမယ့် နည်းလမ်းကောင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်။
(၁) အသက်ခပ်ပြင်းပြင်းရှုပါ

Source : Easy Health Options
ဒေါသအရမ်းထွက်နေတဲ့အခါ အသက်ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်ပြုလုပ်ကြည့်ပါ။ အသက်ရှုသွင်း ရှုထုတ်နေစဉ်အတွင်းမှာ ဒေါသဖြစ်စေတဲ့အကြောင်းအရာတွေကို ခဏလောက်မေ့ထားပါ။ ဒီလိုအသက်ကိုခပ်ပြင်းပြင်းရှုလိုက်ခြင်းက မိနစ်ပိုင်းအတွင်း သင့်ရဲ့ ဒေါသစိတ်တွေကိုပြေလျော့လာစေမှာဖြစ်ပါတယ်။
(၂) လမ်းလျောက်ပါ

Source : LINE Today
ဒေါသစိတ်တွေဖြစ်ပေါ်လာချိန်မှာ တစ်နေရာတည်းထိုင်နေတာမျိုးမလုပ်ပါနဲ့။ ခန္ဓာကိုယ်ပေါ်ကလှုပ်လှုပ်ရှားပြုလုပ်ပေးတာက ဒေါသစိတ်တွေပြေလျော့လာစေဖို့ ကူညီပေးနိုင်ပါတယ်။ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် ၅ မိနစ်လောက် လမ်းလျောက်ထွက်လိုက်ပါ။
(၃) ချရေးပါ

Source : Frances Beaty Dreambuilder
ဒေါသစိတ်ဖြစ်ရတဲ့အကြောင်းတွေ ကိုယ်ရဲ့ ခံစားချက်တွေ မှန်သမျှကို စာအုပ်တစ်ခုမှရေးချကြည့်ပါ။ပြီးရင် ကိုယ်ရေးထားတဲ့ အချက်တွေကိုပြန်ဖတ်ပြီး သုံးသပ်ကြည့်ပါ။မေ့လို့ရလောက်တဲ့အရာတွေကို ချက်ချင်းမေ့ပစ်လိုက်ပါ။ ကိုယ်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ဒေါသစိတ်တွေနဲ့ အကြာကြီး ဖုံးလွမ်းမထားပါနဲ့။
(၄) အနားယူပါ

Source : Dreamstime
ဒေါသထွက်လာရင်အကောင်းဆုံးက ခန္ဓာကိုယ်ကိုအနားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဒေါသထွက်လာရင် ခဏတဖြုတ်အိပ်စက်အနားယူလိုက်ပါ။ တစ်ရေးအိပ်လိုက်ခြင်းအားဖြင့် စိတ်ကိုအနားပေးရာရောက်ပြီး အိပ်ယာနိုးလာချိန်မှာလည်း စိတ်ထဲရှင်းလင်းပြီး အေးချမ်းစွာနိုးထလာပါလိမ့်မယ်။
