ရယ်မောသူတွေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းကို လျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။ ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒီနေ့ kwee page က ရယ်မောခြင်းမှ ရရှိစေနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

Source: UnityPoint Health
လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကတဆင့် ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး antibody cell တွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ antibody cells တွေတိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေအလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။
သွေးဖိအားကိုထိန်းညှိပေးတယ်

Source: Best Life
ရယ်မောလိုက်တဲ့အခါ သွေးစီးဆင်းမှုက တိုးတက်ကောင်းမွန်သွားတာကြောင့် သွေးတိုးကျဆင်းသွားတက်ကြောင်း တွေ့ရှိထားကြတယ်။ နောက်တစ်ချက်ကတော့ ရယ်မောတာက သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ပုံမှန်အနေအထားထိကျဆင်းစေပါတယ်။ သွေးဖိအားမြင့်တက်တာက နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို နှလုံးဆိုင်ရာရောဂါတွေကိုဖြစ်စေ နိုင်ပါတယ်။
စိတ်ခံစားမှုကောင်းစေတယ်

Source: The Giving Assistant Blog
လေ့လာမှုတွေအရ ရယ်မာခြင်း (သို့) ပြုံးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ပျော်ရွှင်မှုတွေကိုလည်းတိုးပွားစေပါတယ်။ ရယ်မောခြင်းက နာကျင်မှုတွေကိုတောင် လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ရယ်ရတာကြောင့် ရယ်တာမျိုးမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ရယ်မောခြင်းကတောင် စိတ်ခံစားမှုကို တိုးတက်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေတယ်

Source: Freepik
ရယ်မောခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေထဲက ဓာတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ်ပေမယ့် အသုံးပြုစရာမရှိဘဲ ပမာဏအရမ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာ ဟော်မုန်းမညီမျှမှုကိုဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာ တွေမှာထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ အဆိုပါဟော်မုန်းပမာဏ လျော့ကျဖို့ဆိုရင် ရယ်မောဖို့လိုအပ်ပါတယ်။ ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်းရှိစေပါတယ်။
