ဆယ်လ်တာဗီဂို တစ်ဖက် (၂) ဂိုးစီဖြင့် သရေကျခဲ့တော့ စပိန်လာလီဂါပွဲစဉ် အပြီးတွင် ဘာစီလိုနာနည်းပြ ဆယ်တီယန်နှင့် ကစားသမားများ အဝတ်လဲခန်းအတွင်း၌ အပြန်အလှန် ငြင်းခုံမှုဖြစ်ပွားခဲ့ကြောင်း စပိန်အားကစားသတင်းစာတွေက ဖော်ပြနေကြပါတယ်။

သရေပွဲကြောင့် ဘာစီလိုနာဟာ ဇယားထိပ်မှ ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် (၂) မှက်အကွာတွင် ရောက်ရှိသွားကာ လက်ကျန်ပွဲစဉ်များတွင် ပိုမိုဖိအားများသွားခဲ့ပြီဖြစ်ပါတယ်။

Source: Last football news

ဘာစီလိုနာကစားသမားများသည် ဆယ်လ်တာဗီဂို နှင့်သရေကျခဲ့သောပွဲစဉ်တွင် နည်းပြ ဖြစ်သူရဲ့ ဆုံးဖြတ်ချက်အချို့ကို မကျေနပ်သောကြောင့် ပွဲအပြီး အဝတ်လဲခန်းအတွင်း အပြန်အလှန်ငြင်းခုံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နည်းပြနှင့် ကစားသမားအကြား ဆက်ဆံရေး အဆင်မပြေမူမှာ ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။

ယင်းပွဲအပြီးတွင် ဘာစီလိုနာကစားသမားအချို့သည် အဝတ်လဲခန်းအတွင်း နည်းပြ ဆယ်တီယန်အနေဖြင့် ပွဲအဖြေကို ပြောင်းလဲနိုင်သော နည်းဗျူဟာနှင့် ဆုံးဖြတ်ချက်အချို့ကို မချမှတ်နိုင်ခဲ့ဟု ဝေဖန်ခဲ့ကြတယ်လိုသိရပါတယ်။ ပြီးတော့ အာသာနှင့် ဂရီးဇ်မန်းကဲ့သို့ ကစားသမားများကို စောစောစီးစီး မထည့်သွင်းခြင်းအတွက်လည်း ပြစ်တင်မှုများပြုလုပ်ခဲ့ကြပါတယ်။

Source: Malay-Mail

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ နည်းပြနှင့်ကစားသမားတို့အကြား အလွန်တင်းမာခဲ့ပြီး ယခုဖြစ်ရပ်မှာ ဘာစီလိုနာအသင်း နည်းပြအဖွဲ့နှင့် ကစားသမားများအကြား စိတ်သဘောထား မညီညွတ်မှုဖြစ်နေသည်မှာ ထင်ရှားကြောင်း သိရပါတယ်။

Source: Bangkok Post

ဘာစီလိုနာကစားသမားများဟာ နည်းပြ ဖြစ်သူရဲ့ နည်းဗျူဟာနှင့် အချို့ကို နှစ်သက်သဘောကျခြင်းမရှိဘဲ ယခုအတိုင်းဆက်သွားပါက အသင်းအနေဖြင့် ဆုဖလားများ ရယူနိုင်လိမ့်မည်မဟုတ်ဟု ကစားသမားများဘက်မှ ထင်မြင်ယူဆမှုများရှိနေပါတယ်။ ဆယ်တီယန်ဟာ ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ပြီး အသင်းအား ပြိုင်ပွဲစုံ (၁၇) ပွဲကိုင်တွယ်ထားပြီး (၁၁) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၃) ပွဲရှုံးရလဒ်ကို ရရှိထားသည်။ ဆယ်တီယန်ထွက်ခွာခဲ့ပါက ဘာစီလိုနာနည်းပြရာထူးအတွက် ကစားသမားဟောင်းဖြစ်သူ ဇာဗီက ထိပ်ဆုံးမှရေပန်းစားနေပါတယ်။