လူတိုင်းလူတိုင်း ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိဖို့ အားကစားနှင့်နေထိုင်မှုပုံစံမှန်ကန်ခြင်းကအရေးကြီးပါတယ်။ လူအများစုက Gym ကစားဖို့ စိတ်ထက်သန်ကြပေမယ့် တစ်ပတ်လောက်ကစားပြီးတာနဲ့ Gym သွားဖို့ ပျင်းလာတက်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ Gym သွားဖို့ Motivation ပျောက်ဆုံးနေသူတွေအတွက် သိထားသင့်တဲ့နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) စောစောသွားပါ

Source : Dr. Seeds Blog
မနက်ခင်းစောစောအချိန်ဟာ လူတစ်ယောက်အတွက် ခွန်အားအပြည့်အဝဆုံးနဲ့ စိတ်အားတက်ကြွဆုံးအချိန်ဖြစ်ပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကိုကျန်းမာခြင်းတွေယူဆောင်လာပေးပြီး တစ်နေ့တာလုံးလန်းဆန်းစေနေမှာဖြစ်ပါတယ်။ မနက်ခင်းမှာများသောအားဖြင့် Gym ကစားသူနည်းတာကြောင့် နားအေးပါးအေး နဲ့ အေးအေးဆေးဆေးနဲ့ ကစားနိုင်ပါတယ်။
(၂) ကောင်းစွာဝတ်ဆင်ပါ

Source : Openfit
Gym ကစားရင် ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကောင်းကောင်းနဲ့ ရွေးချယ်ဝတ်ဆင်ခြင်းကလည်း Gym ကစားဖို့ပိုပြီး စိတ်အားထက်သန်စေပြီး ကိုယ်ကိုယ့်ကိုယုံကြည်မှုတိုးစေပါတယ်။ Gym ကစားတဲ့အခါ အဝတ်အစားမှန်ကန်အောင်ရွေးချယ်ခြင်းကလည်း အရေးပါပါတယ်။ အဝတ်အစားရွေးချယ်တဲ့အခါ ပေါ့ပေါ့ပါးပါးရှိပြီး အားကစားကောင်းစွာပြုလုပ်နိုင်မယ့် တီရှပ်လက်တို ဘောင်းဘီတိုတို့ကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။
(၃) တိုးတက်မှုကိုတိုင်းတာပါ

Source : Unsplash
Gym စကစားတဲ့အချိန်မှာ ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရှိအတိုင်းဓာတ်ပုံရိုက်ထားပါ။ တစ်လလောက်ကစားပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ဘလောက်ပြောင်းလဲသွားတယ်ဆိုတာကို မကစားမီဓာတ်ပုံနဲ့ ပြန်တွဲပြီးကြည့်ပါ။ ဒီလိုကိုယ့်ရဲ့ တိုးတက်မှုကို မှတ်တမ်းတင်ထားခြင်းက Gym ပုံမှန်ကစားဖြစ်ဖို့ကို တွန်းအားဖြစ်စေပါတယ်။
(၄) မိတ်ဆွေဖွဲ့ပါ

Source : Freepik
Gym ကစားတဲ့အခါ ကိုယ်နဲ့အတူတူ တက်တက်ကြွကြွ ကစားမယ့် ကစားဖော်တစ်ယောက်ရှိထားတာကောင်းပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အတူတူဆော့ဖော်ဆော့ဖက်ရအောင် Gym မိတ်ဆွေဖွဲ့သင့်ပါတယ်။ ကစားဖော်တွေနဲ့ဆိုရင် Gym ပုံမှန်ကစားဖြစ်ဖို့ ပိုပြီးစိတ်အားထက်သန်စေမှာပါ။
