တစ်ခါတစ်လေမှာ ခေါင်းလျော်ပြီးတဲ့အခါ ဆံပင်ခြောက်အောင်မသုတ်ပဲ အိပ်လိုက်တာမျိုး လူအများစုလုပ်မိတက်ပါတယ်။ တကယ်တော့ ဒီလိုခေါင်းရေစိုနဲ့ အိပ်လိုက်တာက အင်မတန်အန္တရာယ်များပါတယ်။ ခေါင်းလျော်ပြီးတဲ့အခါ ဆံပင်ကိုရေစိုအောင်သုတ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အကယ်၍ ဆံပင်ရေစိုနဲ့နေမိရင် အခုပြောပြမယ့် ဆိုးကျိုးတွေခံစားရစေနိုင်ပါတယ်။
(၁) ဦးရေပြားယားယံခြင်းကိုဖြစ်စေတယ်

Source : Freepik
ဦးရေပြားယားယံတဲ့အခါ လူအများစုက ခေါင်းလျော်ရည်ကြောင့်လို့ အပြစ်ပုံချလေ့ရှိပါတယ်။ တကယ်တော့ ဦးရေပြားယားယံခြင်းရဲ့ အဓိကအကြောင်းအရင်းက ဆံပင်ကိုရေခြောက်အောင်မသုတ် အစိုအတိုင်းနေမိလို့ပါ။ ဆံပင်တွေက ရေစိုနဲ့နေတဲ့အခါ ဦးရေပြားစိုထိုင်းခြင်းကိုဖြစ်စေပြီး ဘက်တီးရီးယားတွေပေါက်ဖွားစေတာကြောင့် ဦးရေပြားယားယံခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။
(၂) ခေါင်းကိုက်စေတယ်

Source : Beginnings Treatment Centers
ဆံကေသာကျွမ်းကျင်ပညာရှင်တွေအဆိုအရ ဆံပင်ရေစိုနဲ့ အိပ်စက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေပြီး ခေါင်ကိုင်ခြင်းကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ ဆံပင်ရေစိုနဲ့အိပ်စက်ခြင်းရဲ့ နောက်ထပ်ဆိုကျိုးတစ်ခုအနေနဲ့ ကတော့ သင့်ကိုကောင်းစွာအိပ်ပျော်စေနိုင်မှာမဟုတ်ပဲ အိပ်စက်ခြင်းကိုပါအနှောက်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
(၃) ဗောက်ထစေတယ်

Source : MensXP.com
ဆံပင်ကိုခြောက်အောင်မသုတ်ပဲ အိပ်လိုက်မယ်ဆိုရင် ဦးရေပြားရဲ့သဘာဝအဆီဓာတ်တွေကိုခြောက်ခမ်းစေပြီး ဘက်တီးရီးယားနှင့် မှိုပေါက်ဖွားခြင်းကို ပိုမိုတွန်းအားဖြစ်စေပါတယ်။ အဆိုပါ ဘက်တီးရီးယားနှင့် မှိုတွေက ဦးရေပြားယားယံခြင်းနှင့်ဗောက်ထခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်တာကြောင့် ဆံပင်ရေစိုနှင့်မအိပ်မိဖို့ သတိပြုသင့်ပါတယ်။
(၄) ဆံသားပျက်စီးစေတယ်

Source : scholarlyoa.com
ဆံပင်ရေစိုနှင့်အိပ်စက်ခြင်းက သင့်ရဲ့ဆံသားကို အင်မတန်ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဆံပင်များခြောက်သွေ့ပျက်စီးခြင်း ဆံသားကြမ်းတမ်းခြင်း အဖျားနှစ်ခွဖြစ်ခြင်း အဆီဓာတ်ခြမ်းခြောက်ခြင်း ဆံပင်ကျွတ်ခြင်း စသည်ဖြင့် ဆံသားကျန်းမာရေးနဲ့ပတ်သတ်ပြီးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
