ယောဂကစားခြင်းဟာ ခန္ဓာကိုယ် ကိုယ်ရောစိတ်ပါကျန်းမာခြင်းတွေကို ယူဆောင်လာပေးတယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ စာဖတ်သူဟာ ယောဂကိုအခုမှစ ကစားမယ့် Beginner တစ်ယောက်ဆိုရင်တော့ ဘယ်ကနေဘယ်လိုစရမလဲဆိုတာ အခက်တွေ့နေနိုင်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ အိမ်မှာပဲလွယ်လွယ်ကူကူ ပြုလုပ်လို့ရမယ့် Beginners တွေအတွက်သင့်တော်တဲ့ ယောဂလေ့ကျင့်ခန်းတွေပြောပြပေးချင်ပါတယ်။

(၁) Easy Pose

Source : Health and Hale

Easy Pose ဟာယောဂစ ကစားသူတွေအတွက် အထူးသင့်တော်ပြီးလွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ အရင်ဆုံးကြမ်းပြင်မှာ ခြေထောက်တစ်ခုအပေါ်တစ်ခုထပ်ပြီး တင်ပျင်ခွေထိုင်ပေးပါ။ ပြီးရင်တာ့လက်နှစ်ဖက်ကို စုပြီး ရင်ဘတ်အရှေ့နားမှာထားပါ။ မျက်စိမှိတ်ပြီးအသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ထိုပုံစံအတိုင်း ၃ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

(၂) Downward Facing Dog

Source : Hugger Mugger

Downward Facing Dog ယောဂလေ့ကျင့်ခန်းဟာလည်း Beginners တွေအတွက် သင်ရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အရင်ဆုံးခန္ဓာကိုယ်ကို မတ်မတ်ရပ်ပေးပါ။ထို့နောက်ခန္ဓာကိုယ်ကိုရှေ့သို့ကွေးညွတ်ပြီး တင်ပါးကိုမြှင့်ထားပေးရပါမယ်။ အဆိုပါပုံစံအတိုင်း ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းထားပြီး ၁မိနစ်ခန့် ငြိမ်ငြိမ်လေးနေပေးပါ။ ၁ မိနစ်ပြည့်ရင်ခန္ဓာကိုယ်ကို မူလအတိုင်းပြန်ပြီးနေပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၃ ခေါက်ပြုလုပ်ပေးရပါမယ်။

(၃) Cobra Pose

Source : Depositphotos

Beginners တွေအတွက် အထူးသင့်တော်တဲ့ ယောဂလေ့ကျင့်ခန်းတွေထဲမှာ Cobra Pose ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။အရင်ဆုံးကြမ်းပြင်ပေါ်ကို ဝမ်းဗိုက်နဲ့ကပ်လျက်လှဲလျောင်းပြီး ပုံစံယူပါ။ထို့နောက်ကြမ်းပြင်ကိုလက်ထောက်ပြီး ခါးနေရာကနေစတင်ကာခန္ဓာကိုယ်အပေါ်ပိုင်းကို မြင့်တင်ပေးပါ။ အသက်ကိုဖြေးဖြေးချင်းရှုသွင်းထုတ်ပြီး အဆိုပါပုံစံအတိုင်း ၁ မိနစ်ခန့်ငြိမ်ငြိမ်လေးနေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁ မိနစ် ၃ ခေါက်ပြုလုပ်ပေးပါ။

(၄) Chair Pose

Soure : Gaia

Chair pose ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကိုကုလားထိုင်တစ်လုံးလိုပြုလုပ်ပေးရမယ့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ အရင်ဆုံးမတ်တပ်ရပ်အနေအထား ပုံစံယူပေးပါ။ထို့နောက် ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး တင်ပါးကိုမြင့်ထားပေးပါ။လက်တွေကိုတော့ ၄၅ ဒီဂရီခန့်အပေါ်သို့ဆန့်ထုတ်ထားပါ။အဆိုပါပုံစံအတိုင်း ငြိမ်ငြိမ်လေးနေပေးပါ။ အချိန်ကြာကြာနေနိုင်တဲ့အထိ နေပေးပါ။ ငြောင်းလာရင်ခဏနားပြီး အဆိုပါလေ့ကျင့်ခန်းကိုနောက်တစ်ကြိမ်ပြန်လုပ်ပေးပါ။ ၃ ခေါက်လောက်ပြုလုပ်နိုင်ရင်ပိုကောင်းပါတယ်။