လူအများစုဟာ တခြားတစ်ယောက်ကို ချစ်ဖို့ဦးစားပေးနေရတာကြောင့် ကိုယ့်ကိုယ်ကိုချစ်ဖို့ မေ့လာတက်ပါတယ်။ တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုချစ်တက်ဖို့လည်းအရမ်းကိုအရေးကြီးပါတယ်။ဒီနေ့မှာတော့ ဘာကြောင့်ကိုယ့်ကိုယ်ကိုချစ်တက်ဖို့အရေးကြီးလဲ။ကိုယ့်ကိုယ်ကိုချစ်တက်ခြင်းရဲ့ ကောင်းကျိုးတွေမျှဝေပေးချင်ပါတယ်။

(၁) စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေခံစားလာရမယ်

Source : Whitsunday Professional Counselling

လူအများစုထင်ထားတာက တခြားသူတွေကို အချစ်တွေပေးတာက ပျော်ရွှင်ရစေတယ်လို့ လက်ခံထားကြတာပါ။ ဒါဟာအတိုင်းအတာတစ်ခုထိတော့မှန်ပေမယ့် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုခံစားရစေတာကတော့ ကိုယ့်ကိုယ်ကိုချစ်ခြင်းမှ တပါးတခြားမရှိနိုင်ပါဘူး။ဒါကြောင့် သင့်ဘဝမှာပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရစေချင်ရင် ကိုယ့်ကိုယ်ကိုချစ်ဖို့မမေ့သင့်ပါဘူးနော်။

(၂) ယုံကြည်မှုတိုးစေတယ်

Source : Girls Chase

ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးခြင်းက သင့်အနေနဲ့ ဘဝမှာ ဘာပဲလုပ်လုပ်ကောင်းမွန်စွာလုပ်နိုင်ခြင်း မည်သည့်အတားအဆီးတွေကို မဆိုကောင်းစွာကိုယ်တွယ်ဖြေရှင်းနိုင်ခြင်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်းစတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေကိုရရှိစေပါတယ်။ ကိုယ်ကိုယ့်ကိုချစ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေတိုင်းကို ယုံကြည်မှုရှိစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

(၃) ရင့်ကျက်လာစေတယ်

Source: Pexels

ကိုယ့်ကိုယ်ကိုချစ်ခြင်းက ကျန်းမာသန်စွမ်းခြင်းတွေနဲ့ ဘဝအတွေ့အကြုံများစွာကြားမှာကြံ့ကြံ့ခိုင်နိုင်တဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်စေမယ့် ရင့်ကျက်ခြင်းတွေကိုရရှိစေပါတယ်။ ဘဝမှာတွေ့ကြုံရမယ့် စိန်ခေါ်မှုအသစ်တွေမှာကောင်းမွန်တဲ့ရလဒ်တွေထွက်ဖို့ စွမ်းဆောင်နိုင်စွမ်းတိုးတက်စေဖို့ ကိုယ့်ကိုယ်ကိုချစ်ခြင်းကလွန်စွာအရေးပါပါတယ်။