မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) ရှက်ဖီးယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းကို စပါးအသင်း ကို (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ ဂိုးဒရစ် မက်ဘာနီ အော်စဘွန် ဆမ်ဒါဘာ့ချ် နော်ဝုဒ် စတီဖန်စ် ဘယ်လ်ဒေါ့ ရော်ဘင်ဆန် အီဂန် စတဲ့ကစားသမားကောင်းတွေနဲ့ပွဲထွက်လာခဲ့ပြီး စပါးအသင်းကလည်း ကိန်း ဆွန်ဟောင်မင် လူးကပ်စ် ဘာ့ဂျ်ဝိုင်း လိုဆယ်ဆို ဆစ်ဆိုခို ဒေဗီစ် ဆန်းချက် ဒိုင်ယာ စတဲ့ကစားသမားအစုံအလင်နဲ့ အဝေးကွင်းပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။

Source : The Guardian

ပထမပိုင်းပွဲကစားချိန်အတွင်း အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းက အဖွင့်ကို စတင်ရယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကိုတော့ ပွဲချိန် (၃၁) မိနစ်မှာ ဆမ်ဒါဘာ့ချ် က အကောင်းမွန်ဆုံးပုံစံနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စပါးအသင်းက ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက်ပိုင်း ကစားပွဲက ပိုမိုအကြိတ်အနယ်ဖြစ်လာခဲ့ပြီး စပါးအသင်းက ချေပဂိုးပြန်လည်ရရှိမယ့်အခွင့်အရေးရခဲ့ပေမယ့် ကံဆိုးစွာပဲ ချေပဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ အကြောင်းကတော့ ရရှိလာတဲ့အခွင့်အရေးကို စပါးတိုက်စစ်မှူးကိန်းက အကောင်းဆုံးကန်သွင်းယူခဲ့ပေမယ့် စပါးအသင်းသားတစ်ယောက်ရဲ့ လက်နဲ့ ထိခဲ့တယ်ဟုဆိုတဲ့ VAR အဆုံးအဖြတ်နဲ့ကြောင့် ဂိုးပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Source : BBC

ပွဲကစားချိန်ပထမပိုင်းကိုတော့ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းက (၁-ဝ) ဂိုးရလဒ်နဲ့ ပဲ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းရဲ့ နောက်ထပ်သွင်းဂိုးတွေကို စပါးတို့ဆက်လက်ခွင့်ပြုခဲ့ရပြန်ပါတယ်။ ပွဲချိန် (၆၉) မိနစ်မှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ တိုက်စစ်မှူး မူဇက်က အသင်းအတွက် ဒုတိယမြောက်သွင်းကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယမြောက်ဂိုးသွင်းယူပြီး (၁၅) မိနစ်အကြာ ပွဲကစားချိန် (၈၄) မိနစ်မှာပဲ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းအတွက် တတိယမြောက်ဂိုးက တိုက်စစ်ကစားသမား မက်ဘာနီကသွင်းယူပေးခဲ့တာကြောင့် (၃)ဂိုးဖြင့်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ စပါးအသင်းကတော့ ပွဲပြီးခါနီး မိနစ် (၉၀) မှာ တိုက်စစ်မှူးကိန်းက ပြန်လည်သွင်းယူခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့ပေမယ့်လည်း ပွဲပြီးရလဒ်အနေနဲ့ကတော့ (၃-၁) ဂိုးရလဒ်ဖြင့် အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : The Guardian