ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင် စိတ်ခံစားမှုမကောင်းတဲ့ အချိန်မျိုးလူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုခံစားမှုတွေဟာ များသောအားဖြင့် စိတ်ဖိစီးနေခြင်း ပုံမှန်ထက်အလုပ်တွေပိုလုပ်မိခြင်း စတဲ့အရာကြောင့်ဖြစ်တက်တဲ့ ခံစားမှုတစ်ခုပါ။ သင့်အနေနဲ့ ဒီလိုဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်လာပြီဆိုရင်တော့အခုပြောပြမယ့် အရာလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) အပြင်ထွက်ပါ

Source : Men’s Journal

ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေပြီးဆိုရင် အပြင်ခဏလောက်ထွက်ပြီး အချိန်ကုန်ဆုံးလိုက်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပြီး ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားပေးလိုက်မယ်ဆိုရင် မကောင်းတဲ့စိတ်ခံစားမှုတွေပြေလျော့သက်သာသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ခဏထွက်လိုက်ပါ။ ၁၀ မိနစ်လောက်လမ်းလျောက်ပြီး သဘာဝတရားကြီးနဲ့ထိတွေ့ခံစားလိုက်ပါ။

(၂) တရားထိုင်ပါ

Source: Alt 103.7 – Radio.com

တရားထိုင်ခြင်းက ခံစားချက်မကောင်းသူတွေ စိတ်ဖီစီးမှုနှင့်သောက ခံစားနေရသူတွေအတွက် အသင့်တော်ဆုံးသော အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ဘားမှမလုပ်ချင်မကိုင်ဖြစ်နေလောက်အောင် စိတ်ဝိညဉ်တွေပြန့်လွင့်နေတယ်ဆိုရင် ၁၅ မိနစ်လောက် အာရုံစိုက်ပြီး တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းက သင့်ရဲ့စိတ်နှင့်ခန္ဓာကိုယ်အေးချမ်းစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၃) သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ

Source : Network for Good

သူငယ်ချင်းတွေ အရင်းအနှီးဆုံးမိတ်ဆွေတွေနဲ့ စကားပြောခြင်းက သင့်ရဲ့စိတ်အခြေအနေကိုကူညီရာရောက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ခံစားချက်မကောင်းတဲ့အချိန်ဘာလုပ်လုပ်စိတ်မပါတဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောကြည့်ပါ။ သင့်ရဲ့ခံစားမှုနဲ့ပတ်သတ်ပြီး ရင်ဖွင့်အကြံဉာဏ်တောင်းကြည့်ပါ။ သူငယ်ချင်းတွေနဲ့တွေ့ဆုံလိုက်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိတ်ခံစားမှုတွေပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၄) သီချင်းနားထောင်လိုက်ပါ

Source : 123RF

ဂီတက စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်မှာ အားပြန်ဖြည့်ပေးနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေရင် တခြားသောအတွေးတွေ အလုပ်အားလုံးကိုခဏမေ့ပြီးသင်အကြိုက်အဆုံးသီချင်းတွေဖွင့်ကာ ၁၅ မိနစ်လောက်ဂီတသံစဉ်တွေနဲ့လွင့်မျောလိုက်ပါ။ စိတ်ဖိစီးမှုနှင့် လွင့်ပျံ့နေတဲ့စိတ်တွေကိုပြန်လည်စုစည်းပြီး သင့်ကိုခံစားမှုပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။