အစားအစာတွေက သင့်ရဲ့ ကိုယ်အလေးချိန်အပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။တစ်ချို့အစားအစာတွေက ကိုယ်အလေးချိန်လျော့ရာမှာကူညီပေးပေမယ့် တစ်ချို့အစားအစာတွေကျတော့လည်း ကိုယ်အလေးချိန်လျော့ချတဲ့လုပ်ငန်းစဉ်တွေကို အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ ဒီနေ့မှာတာ့ ကိုယ်အလေးချိန်လျော့ချနေသူတွေ မဖြစ်မနေရှောင်ကျဉ်ရမယ့် အစားအစာတွေကိုပြောပြပေးချင်ပါတယ်။

(၁) အချိုရည်များ

Source : East Berkshire Primary Care

သကြားဓာတ်ပါဝင်မှုများတဲ့ အချိုရည်နှင့်အဖျော်ယမကာတွေဟာ ကျန်းမာရေးနဲ့မညီညွတ်ဆုံးအစားအစာတွေထဲကတစ်ခုဖြစ်ပါတယ်။ အချိုရည်တွေဟာကယ်လိုရီများစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်တိုးခြင်းနှင်ဆက်စပ်မှုရှိနေပြီး အလွန်အကျွံသောက်သုံးမိပါက ကျန်းမာရေးထိခိုက်လာစေနိုင်ပါတယ်။

(၂) ရေခဲမုန့်

Source : Britannica

ရေခဲမုန့်တွေက လွန်စွာအရသာရှိပေမယ့်လည်း ကျန်းမာရေးအတွက်တော့မကောင်းပါဘူး။ ရေခဲမုန့်တွေမှာ သကြားဓာတ်နှင့်ကယ်လိုရီများစွာပါဝင်ပါတယ်။ သင့်ဟာ ရေခဲမှုန့်ကြိုက်သူတစ်ယောက်ဆိုရင်တော့ ဒိန်ချဉ် သစ်သီးတွေနဲ့ပြုလုပ်ထားတဲ့ သကြားဓာတ်ပါဝင်မှုအနည်းဆုံးရေခဲမုန့်တွေကို အိမ်မှာကိုယ်တိုင်လုပ်စားတာပိုသင့်တော်ပါတယ်။

(၃) အရက်

Source : Tyler Minton Nutrition

အရက်အသင့်တင့်သောက်သုံးခြင်းက ကျန်းမာရေးကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်မိရင်တော့ ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ ဘီယာလည်း ထိုနည်းလည်းကောင်းပါပဲ သင့်ကိုကိုယ်အလေးချိန်ကိုတိုးလာစေမှာဖြစ်ပါတယ်။ အရက်ဘီယာတွေအစား ဝိုင်တစ်ခွက်လောက်သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျစေဖို့နှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၄) ပေါင်မုန့်အဖြူ

Source : NPR

ပေါင်မုန့်အဖြူတွေမှာ များသောအားဖြင့် သန့်စင်ပြီးသားသကြားဓာတ်များ များစွာပါဝင်နေတက်ပါတယ်။ သန့်စင်ပြီးသကြားဓာတ်က သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပါတယ်။ လေ့လာမှုအရ ပေါင်မုန်အဖြူ ၁၂၀ ဂရမ်နေ့စဉ်ပုံမှန်စားသုံးသူတွေဟာ အဝလွန်ခြင်း ကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းလောက်အခွင့်အရေးပိုများနေတာဖြစ်ပါတယ်။