နည်းနည်းချမ်းစိမ့်စိမ့်ဖြစ်နေချိန် ဝတ်လိုက်တဲ့ အပေါ်ထပ်အင်္ကျီတစ်ထည်ဟာ အချမ်းပြေဖို့ဆိုတာထက် အဓိပ္ပါယ်ပိုဖို့ လိုပါတယ်။ Layering လို့ခေါ်ကြတဲ့ ထပ်အင်္ကျီဝတ်တဲ့အထဲမှာ ဖလန်နယ်လက်ရှည်ကနေ အနွေးထည်ကုတ်အထူကြီးတွေ ဝတ်တာအထိ ပါပါတယ်။ အပေါ်ထပ်ဝတ်တာဟာ အဝတ်အစားတွဲဖက်ဆင်ယင်မှု ဖြစ်လို့ အမြင်လိုပါတယ်။ ဒီအတွက် Layering ဝတ်ချိန်မှာ သိထားသင့်တာလေးတွေ မျှ‌ဝေချင်ပါတယ်။

(၁) Monochrome

Photo: Dmarge

အလွယ်ဆုံး အပေါ်ထပ်ကုတ်အင်္ကျီအရောင်ရွေးဖို့က Monochrome ဒီဇိုင်းကို ရွေးဖိုပါ။ တစ်ရောင်တည်း Solid Color နဲ့ Overcoat တွေဟာ မျက်စိကို ဆွဲဆောင်နိုင်ပါတယ်။ ဝတ်ရတာလည်း သိပ်စဉ်းစားစရာမလိုတော့ပါဘူး။

(၂) Contrast Colors

Photo: gentlemansgazette

အရောင်ကွဲလေးတွေနဲ့ ဆွဲဆောင်ချင်ရင် Contrast Colors တွေတွဲသုံးသင့်ပါတယ်။ မီးခိုးရောင် ၊အညိုရောင်နဲ့ အဝါရောင်အပြင် အပြာခံကာလာမျိုးတွေကို အပေါ်ထပ်အင်္ကျီမှာ ပါသင့်ပါတယ်။ အပြာရောင်နက်ခ်တိုင် စည်းထားရင် အညိုရောင်ဂျက်ကတ်ဝတ်တာမျိုးကလည်း ကာလာကွဲတယ်လို့ ပြောလို့ရပါတယ်။ အပေါ်ထပ်အင်္ကျီဝတ်မယ်ဆိုရင် အများဆုံးမှ အရောင် ၃ မျိုးအထိပဲ ဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။

(၃) Patterns

Photo: gentlemansgazette

အပေါ်မှာ အရောင်တွေပြောခဲ့သလိုပဲ သတိထားရမှာက အကွက်တွေနဲ့ အစင်းတွေကိုလည်း ထည့်စဉ်းစားရမှာပါ။ တကယ်လို့ အောက်ခံရှပ်အင်္ကျီက အစင်းအကွက်မျိုးဆိုရင် နက်ခ်တိုင်က Solid Color ဖြစ်ရမှာပါ။ အပေါ်မှာ Waistcoat အကွက်စင်းပါ ထည့်ဝတ်နိုင်ပါတယ်။ ဒီနည်းနဲ့ Layering ကို အပြောင်းအလဲလုပ်ပြီး ကစားသွားလို့ ရပါတယ်။

(၄) Fit ဖြစ်ပါစေ

Photo: urbanmenoutfits

အပေါ်ထပ်အင်္ကျီဟာလည်း ပွပွကြီးဖြစ်မနေဖို့ လိုပါတယ်။ တတ်နိုင်သလောက် ကိုယ်နဲ့ ကွက်တိဖြစ်ပြီး ဝတ်ရတာ သက်တောင့်သက်သာ ရှိဖို့လည်း ထည့်တွက်ရမှာပါ။ Layering Clothနဲ့ တွဲဝတ်မယ့် တီရှပ် ၊ Henleys စပို့ရှပ်နဲ့ ရိုးရိုး Shirt အင်္ကျီတွေကိုလည်း ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိဖို့ လိုပါတယ်။ နောက်တစ်ခု သတိထားရမှာက အပေါ်ထပ်အင်္ကျီတွေကို ၄-၅ ထည်ကြီး ထပ်ဝတ်တာမျိုးက အရုပ်ဆိုးစေလို့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။