အစားအသောက်ဟာ စိတ်ခံစားမှုကို ပြုပြင်နိုင်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားချက်အကြား ဆက်သွယ်မှုကို အာဟာရပညာရှင်တွေက လက်ခံပြီးသား ဖြစ်ပါတယ်။ ကိုယ်စားတဲ့ အစားအစာထဲမှာ ဇင့်ဓါတ် ၊ သံဓါတ် ၊ ဗိုက်တာမင်ဘီအုပ်စု ၊ မဂ္ဂနီဆီယမ် ၊ ဗိုက်တာမင်ဒီနဲ့ အိုမီဂါ သရီဖက်တီးအက်ဆစ်တွေ ပါခြင်းဟာ စိတ်ခံစားမှုအခြေအနေကို တိုးတက်စေပါတယ်။ ဒါကြောင့် တစ်နေ့တာ Mood ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် အစားအသောက်တစ်ချို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။
(၁) ချောကလက်အနက်

Photo: Freepik
Dark Chocolate စားရင် စိတ်ခံစားချက်အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဦးနှောက်အတွင်း သွေးစီးဆင်းမှု မြင့်လာရင် မြင်ရမယ့် Flavonoids ကြွယ်ဝသလို ကဖိန်းဓါတ် ၊ Theobromine နဲ့ N-acylethanolamine စတဲ့ စိတ်ခံစားချက်ကို မြှင့်ပေးနိုင်မယ့် ဓါတ်တွေ ကြွယ်ဝပါတယ်။
(၂) အဆီများတဲ့ ငါး

Photo: Freepik
Omega-3 အုပ်စုနှစ်မျိုးဖြစ်တဲ့ DHA နဲ့ EPA တို့ဟာ စိတ်ဓါတ်ကျဆင်းမှုကို လျှော့ချနိုင်လို့ နာမည်ကြီးပါတယ်။ Omega-3s တွေ ဆယ်လမွန်နဲ့ တူနာလိုမျိုး အဆီများတဲ့ငါးတွေမှာ တွေ့ရပါတယ်။ ကျွမ်းကျင်သူအများစုကတော့ အရွယ်ရောက်သူတွေဟာ EPA နဲ့ DHA နှစ်မျိုးပါတဲ့ Omega-3s အနည်းဆုံး ၂၅၀ မီလီဂရမ်ကနေ ဂရမ် ၅၀၀ အထိ နေ့စဉ် သောက်သုံးဖို့ အကြံပြုထားပါတယ်။
(၃) အချဉ်တည်ထားတဲ့ အစားအစာများ

Photo: Freepik
အချဉ်ဖောက်ထားတဲ့ ကင်မ်ချီလို မုန်ညင်းချဉ်လို အစားအသောက်တွေကလည်း စိတ်ခံစားမှုအားကောင်းစေတဲ့ Serotonin Level မြင့်စေသလို အူအတွင်းမှာလည်း microbiome လို့ခေါ်တဲ့ ကျန်းမာတဲ့ ဘက်တီးရီးယားတွေ ဖွံ့ဖြိုးစေပါတယ်။
(၄) ငှက်ပျောသီး

Photo: Freepik
ငှက်ပျောသီးဟာ ဗိုက်တာမင် B6 ပေါကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ဒီဓါတ်ဟာ Dopamine နဲ့ Serotonin လိုမျိုး အာရုံကြောအချက်အလက်ပေးပို့စနစ်ကို အားကောင်းစေတဲ့ သဘာဝရှိပါတယ် အမျှင်ဓါတ်လည်း ပါပြီး သွေးတွင်း သကြားစီးဆင်းမှုကို နှေးကွေးအောင် ထိန်းညှိပေးပါတယ်။ ဒီနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုပြီး ကောင်းမွန်စေပါတယ်။
