တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ပရိသတ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အဲရစ်ဒိုင်ယာကို အက်ဖ်အေက လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
အဲရစ်ဒိုင်ယာဟာ ပြီးခဲ့တဲ့မတ်လက တော့တင်ဟမ်ဟော့စပါးအသင်းပရိသတ်တစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပွဲကြည့်စင်အပေါ်အထိ ပြေးတက်သွားခဲ့တာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေက ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဒဏ်ကြေးငွေ ပေါင် ၄ သောင်းတပ်ရိုက်ခြင်းခံခဲ့ရသလို လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကိုလည်း လွဲချော်တော့မှာဖြစ်ပါတယ်။

Photo: worldsportstale
မော်ရင်ဟိုက မကြာသေးမီက ဘရိုက်တန်ကစားသမား နီရယ်မူပေးနဲ့ ပြဿနာတက်ခဲ့တဲ့ အာဆင်နယ်ကစားသမား ဂွမ်ဒိုဇီဟာ ပြစ်ဒဏ်ချမှတ်ခံရမှုကနေ ကင်းလွတ်ခဲ့ပြီးနောက် အဲရစ်ဒိုင်ယာအနေနဲ့ ဘယ်လိုအပြစ်ပေးမှုမျိုးမှ မခံရဘူးလို့ မျှော်မှန်းထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ အဲရစ်ဒိုင်ယာရဲ့ ပွဲပယ်ပြစ်ဒဏ်က အရမ်းပြင်းထန်နေလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ဟိုက ယင်းမေးခွန်းကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
“ဘာမှ မတုံ့ပြန်ချင်ပါဘူး။ ကျွန်တော် ဘာမှမတုံ့ပြန်ဖို့ ပိုလိုလားပါတယ်။ တကယ်လို့ ကျွန်တော် ဖြေလိုက်ရင် ကျွန်တော် ပြဿနာတက်မှာမို့လို့ ကျွန်တော် ဖြေမှာမဟုတ်ပါဘူး။ကျွန်တော် ဖြေမှာမဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော် ဖြေလိုက်ရင် ကျွန်တော် ပြဿနာတက်မှာပါ။ ကျွန်တော် အဲဒီလိုမဖြစ်ချင်ပါဘူး။ အဲဒီတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် မှတ်ချက်ပေးစရာမရှိပါဘူး။ ခင်ဗျားမှာ အခြား စွန့်စားစရာတွေရှိရင် ခင်ဗျား အယူခံဝင်မယ်လို့ ကျွန်တော် မထင်ပါဘူး”

Source : talkSPORT
“အနည်းဆုံးတော့ လာမယ့်ရာသီကို ပွဲပယ်ပြစ်ဒဏ်မရှိဘဲ စတင်ကြရအောင်။ ဒီလို အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
