နေပူပူ မိုးရွာရွာ စတိုင်ကျကျ ဖက်ရှင်ဆင်ယင်ဖို့ကတော့ ကိုယ့်တာဝန်ပါ။ အခုလို မိုးရေတွေထဲမှာ အပြင်သွားရမယ်ဆိုရင်တော့ ပုံမှန်ဝတ်ဆင်နေကျ Outfits လောက်နဲ့ အဆင်မပြေတော့ပါဘူး။ စွတ်စိုထိုင်းမှိုင်းပြီး စိတ်ညစ်ညူးစရာကောင်းတဲ့ မိုးရက်တွေမှာ ဖက်ရှင်ကျဖို့ဆို ဒီလို Outfits တွေ လိုမှာပါ။

(၁) မိုးကာအင်္ကျီ

Photo: Freepik

မိုးရေထဲ ထွက်မှတော့ မိုးမစိုဖို့ မိုးကာလေးတော့ ဆောင်ထားဖို့ လိုပါပြီ။ Rain Jacket တစ်စုံဟာ သင့်ကို မိုးရေတွေကနေ လုံခြုံစေသလို ဖက်ရှင်အရလည်း Upgrade လုပ်ပေးနိုင်မှာပါ။

(၂) ရေစိုခံ Boots များ

Photo: New York Magazine

Sneaker တွေက နွေရာသီမှာ ပေါ့ပေါ့ပါးပါး စီးဖို့ကောင်းတာ မှန်ပေမယ့် မိုးရာသီရောက်ရင်တော့ ရေစိုခံ Boots တွေ စီးတာ ပိုပြီး လက်တွေ့ကျသလို အသုံးလည်း ဝင်ပါတယ်။ Weatherproof Boots တွေထဲမှာလည်း စမတ်ကျပြီး စတိုင်မိတဲ့ Brand တွေ ရှိပါတယ်။

(၃) ထီးနဲ့ အိတ်

Photo: Freepik

ထီးတစ်လက်ဟာ မိုးတွင်းအပြင်ထွက်သူတို့အတွက် လက်နက်လိုမျိုး ကိုယ်နဲ့မကွာ သယ်လာရမယ့် ပစ္စည်းဖြစ်ပါတယ်။ အလွယ်တကူ ခေါက်သိမ်းပြီး သယ်သွားလို့ရတဲ့ ထီးတွေ အစားစား ရှိပါတယ်။ ထီးကတော့ Fashion ဆိုတာထက် Function ကို ပိုကြည့်ပြီး ရွေးချယ်သင့်ပါတယ်။

မိုးတွင်းမှာ ရုံးသွားကျောင်းတက်လွယ်တဲ့ အိတ်ကလည်း ရေစိုခံဖို့ လိုပါတယ်။ ဒါမှသာ Laptop လိုမျိုး အရေးကြီးပစ္စည်းတွေ ထည့်ပြီး အပြင်ထွက်ချိန်မှာ မိုးရေစိုမှာ စိုးရိမ်ရတော့မှာ မဟုတ်ပါဘူး။