ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့အဲဗာတန်အသင်းတို့ဟာ စပိန်ကဘလပ် ဘီဘာအိုအသင်းမှ အူနိူင် နျူနက်ဇ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း AS ရဲ့ဖော်ပြချက်အရသိရပါတယ်။
အဆိုပါ အသက် (၂၃) နှစ်အရွယ် နောက်ခံကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း (၃၀) ရှိကြောင်းသိရပါတယ်။ ဝက်စ်ဟမ်းနဲ့အဲဗာတန်တို့ဟာ အဆိုပါနောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့လကတည်းက စောင့်ကြည့်မူတွေပြုလုပ်နေခဲ့ပြီး ယခုအခါ အာဆင်နယ်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်းသိရပါတယ်။

Source: BeSpccer
ဒါ့အပြင် နျူနက်ဇ် ကို စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်၊ ပြင်သစ်ကလပ် မိုနာကိုအသင်းတို့ကလည်း ခေါ်ယူလိုနေကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။ နျူနက်ဇ် ကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ငြင်းဆိုထားတာကြောင့် လာမယ့်အပြောင်းအရွှေ့ကာလတွင် အသင်းကနေထွက်ခွာဖွယ်ရှိနေပါတယ်။ စာချုပ်လျှော်ကြေးမှာလည်း ယူရို သန်း (၃၀) သာရှိသောကြောင့် အပြောင်းအရွှေ့မှာလည်း ဖြစ်မြောက်ဖွယ်ရှိနေပါတယ်။

Source: The-Sun
နျူနက်ဇ် ဟာ ဘီဘာအိုအတွက် ယခုနှစ်လာလီဂါဘောလုံးရာသီတွင် (၁၂) ပွဲအထိကစားပေးထားပါတယ်။ ဘီဘာအို အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသင်းကြီးအတွက် ပထမဆုံးပွဲကို (၂၀၁၇) ခုနှစ် ဩဂုတ်လတွင် ဂီတာဖေးအသင်းနှင့် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။
(၂၀၁၇) အောက်တိုဘာလ နောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်တွေရရှိခဲ့ပြီး စာချုပ်ဖျတ်သိမ်းကြေး ယူရို သန်း (၃၀) နှင့်အတူ အသင်းတွင် (၂၀၂၃) အထိဆက်ရှိနေမယ့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပွဲအထိပါဝင်ကစားခဲ့ရပေမယ့် ယခုနှစ်ဘောလုံးရာသီမှာတော့ (၁၈) ပွဲသာကစားရသေးပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ပါတယ်။

Source: Twitter
အသက် (၂၃) နှစ်သာရှိသေးတဲ့ နျူနက်ဇ်ဟာ ဘီဘာအိုအသင်းအတွက် ပြိုင်ပွဲစုံ (၆၈) ပွဲကစားပေးထားပြီး (၁) ဂိုးသွင်းယူပေးထားပါတယ်။ အခြားသတင်းတွေအရ ဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်းမှ နောက်ခံလူဖြစ်တဲ့ ဖီးလ်ဂျုံးနှင့် ကွင်းလယ်ကစားသမား လင်းဂတ်တို့ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
