မျက်မှန်သမားတစ်ယောက် ဖြစ်ရတာ သိပ်တော့အဆင်မပြေလှပါဘူး။ မျက်လုံးနှစ်လုံး ပွင့်ချိန်ကစပြီး အိပ်ရာဝင်တော့မှ မျက်မှန်ကို အနားပေးရတဲ့ ဘဝဖြစ်ပါတယ်။ သူများတွေထက် ထူးပြီး မျက်မှန်ကို နှာခေါင်းရိုးပေါ် တင်ထားရသူအဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စရာ ပိုများပါတယ်။ ဒီထဲမှာ မျက်မှန်နဲ့ ဖက်ရှင်ကျအောင် နေနည်းလည်း ပါဝင်ပါတယ်။

(၁) ဘယ်လိုမျက်မှန်ကိုင်းရွေးသင့်သလဲ

Photo: raconteur

Bold Framed လို့ခေါ်တဲ့ ကော်ကိုင်းမည်းစတိုင်တွေက အခုနောက်ပိုင်း ခေတ်စားနေပါတယ်။ Formal ရော Casual Outfit တွေနဲ့ပါ လိုက်ဖက်တဲ့ မျက်မှန်ကိုင်းတွေပါ။ အများစုက Black Color ဆိုပေမယ့် ကိုယ်ကြိုက်တဲ့ မျက်မှန်ကိုင်းကာလာကို Bold Frame အကြီးနဲ့ ရွေးနိုင်ပါတယ်။

(၂) ဘယ်လိုဆံပင်ပုံစံထားရမလဲ

Photo: nextluxury

မျက်မှန်သမားတစ်ယောက်ဟာ သပ်ရပ်တဲ့ ဆံပင်ပုံစံမျိုး ထားတာ ပိုသင့်ပါတယ်။ ဘေးခွဲဆံပင်လို ပုံရိုးကနေ Undercut စတိုင်တွေလို ကြည့်လိုက်ရင် ရှင်းသန့်နေတဲ့ Hairstyle တွေနဲ့ ပိုလိုက်ဖက်ပါတယ်။

(၃) ဘယ်လိုအဝတ်အစား ဝတ်ရမလဲ

Photo: nextluxury

ခြုံပြောရမယ်ဆိုရင် Semi-Formal ဖက်ရှင်က မျက်မှန်သမားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ရှပ်အင်္ကျီလက်ရှည်အဖြူသန့်သန့်ကိုမှ အောက်က ကာကီရောင် Chino လိုမျိုး ဝတ်မယ်ဆိုရင် ကြည့်ကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း ကုတ်အပါးနဲ့ Smart Casual စတိုင်ဖက်ရှင်မျိုး ဝတ်မယ်ဆိုရင်လည်း မျက်မှန်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ပုံ ထွက်စေပါတယ်။