ဒီနေ့တော့ kwee page က နာမည်ကျော်ရုပ်ရှင်တွေထဲက ရုပ်ရှင်ကြည့်ပရိသတ်တွေ သတိမထားမိလောက်တဲ့ တစ်ချို့သော အလွဲလေးတွေကို ပြောပြပေးလိုက်ပါတယ်။
Twilight
ရုပ်ရှင်ကိုသေချာကြည့်မယ်ဆိုရင် ကားမှန်ထဲမှာ ပေါ်နေတဲ့ ကင်မရာကိုင်ထားတဲ့လူကို တွေ့နိုင်ပါတယ်။ ဒီအလွဲကတော့ ဒါရိုက်တာတွေ တော်တော်များများလွဲတက်ကြတဲ့ အမှားတစ်ခုပါပဲ။
Inglourious Basterds
ဒီကားထဲမှာ ဂျာမန်ဗိုလ်ကြီးရဲ့ ရင်ဘက်ပေါ်က တံဆိပ်ဟာ ပျောက်သွားပြီး ချက်ခြင်းကြီး ပြန်ပေါ်လာခဲ့ပါတယ်။
Avatar
ပထမဆုံး Jake နိုးလာပြီ သူအိပ်နေတဲ့ သေတ္တာကို ဖွင့်လိုက်တဲ့အခါမှာ ဘီးတပ်ကုလားထိုင် မရှိသေးပါဘူး။ ဒါပေမယ့် ခဏကြာတော့ သူ့အလိုလိုပေါ်လာခဲ့ပါတယ်။
Terminator 2: Judgement Day
အစောပိုင်းမှာ Terminator ဟာ John ကိုကာကွယ်ဖို့အတွက် T-1000 ကပစ်လိုက်တဲ့ ကျည်ဆံတွေကို ဝင်ပြီး နောက်ကျောနဲ့ ကာလိုက်ပါတယ်။ ဒါကြောင့် သူ့နောက်ကျောမှာ ကျည်ဆံရာတွေ အများကြီးထင်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အသစ်အတိုင်းပဲ ပြန်ဖြစ်သွားတာကို တွေ့မြင်နိုင်ပါတယ်။
The Avengers
ဒီအခန်းထဲမှာ သော်ဟာ သူ့အနားမှရှိသမျှအရာတွေအားလုံးကို ပျက်စီးစေခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုသော ကားဘန်ပါက ထူးဆန်းစွာအကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်။
Dallas Buyers Club
ဒီဇာတ်ကားဟာ (၁၉၈၅) ခုနှစ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ကားပါ။ ဒါပေမယ့် ပုံမှာမြင်ရတဲ့အတိုင်း နောက်မှာရှိတဲ့ ပိုစတာဟာ လန်ဘိုဂီနီ (Lamborghini Aventador) ကားရဲ့ပုံဖြစ်နေပါတယ်။ ဒီကားကိုအမျိုးအစားကို (၂၀၁၁) ခုနှစ်ရောက်မှသာထုတ်လုပ်ခဲ့ကြတာပါ။
Pirates of the Caribbean: The Curse of the Black Pearl
ကြည့်ရတာ Jack Sparrow ရဲ့ပင်လယ်ဓားပြ အဖွဲ့ထဲမှာ ခေတ်မှီတဲ့ လူတစ်ယောက်ပါနေပုံပဲ။
Marie Antoinette
ပြင်သစ်ဘုရင်မ Marie Antoinette အကြောင်းပြန်လည်ရိုက်ကူးထားတဲ့ကားမှာ အမှားကြီးတစ်ခုပါသွားခဲ့ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ ရှူးဖိနပ် တစ်ရံပါသွားခဲ့တာပါပဲ။
Gladiator
ရောမခေတ်မှာ လေယာဉ်မရှိသေးတာ ကလေးကအစသိကြပါတယ်။ ဒါပေမယ့် ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ လေယာဉ်ပျံ တစ်စီးက မထင်မှတ်ဘဲ ပါသွားခဲ့ပါတယ်။
Source: Bright Side