တစ်ခါတစ်လေ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အရာရာတိုင်းက မှားယွင်းနေတယ်ဆိုတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါးမှာရှိကြတယ်။ ဘယ်လောက်ဘဲ ကောင်းအောင်ကြိုးစားကြိုးစား အမှားတွေဘဲ ဖြစ်နေတက်ကြတယ်။ ဒါ့ကြောင့် kwee page ကနေပြီးတော့ ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့နေရပြီဆိုရင် အသစ်ကနေပြန်စပြီးကောင်းမွန်တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာကို ပြောပြပေးသွားမှာပါ။
သဘာဝရှု့ခင်းတွေ ကိုရှာဖွေပါ

စိတ်ကြည်နူးဖွယ်ကောင်းတဲ့ နေရာသစ်တစ်ခုမှာ နာရီအနည်းငယ် အချိန်ဖြုန်းလိုက်ခြင်းအားဖြင့်လည်း ကမ္ဘာကြီးကိုမတူညီတဲ့ အမြင်တွေနဲ့ ကြည့်တက်လာပါတယ်။ ဒီလို သဘာဝရှု့ခင်းအသစ်တွေမဟုတ်ပဲနဲ့တောင် နေရာအသစ်တွေဆီ သွားရောက်လည်ပက်ခြင်းက စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
အားကစားလုပ်ပါ

တစ်နေ့ (၁) မိုင်လောက်ရောက်အောင် ပြေးမယ်ဆိုတဲ့ ရည်ရွယ်ပြီး အားကစားတွေ လုပ်ခြင်းက မိမိကိုယ်မိမိယုံကြည်မှုတွေ ပြန်လည်ရှိလာစေပါတယ်။ အားကစားလုပ်ခြင်းက ခန္ဓာကိုယ်အတွက်သာမကပဲ စိတ်ကျန်းမာရေးအတွက်ပဲ အထောက်အကူဖြစ်စေပါတယ်။
အသုံးမလိုတဲ့ ပစ္စည်းတွေ လွှင့်ပစ်ပါ

အိမ်ကို သန့်ရှင်းသန့်ရပ်စွာထားခြင်းက အသက်ရှုရလွယ်ကူပြီး တခုခုတွေးတောတဲ့အချိန်မှာလည်း အဆင်ပြေစေပါတယ်။
လူတွေနဲ့တွေ့ဆုံပေးပါ

မိမိအနားမှာရှိတဲ့ လူတွေကတနည်းနည်းနဲ့ ကိုယ့်ရဲ့ အတွေးတွေကို လွှမ်းမိုးနေတက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘဝထဲကို ခင်မင်စရာကောင်းတဲ့ လူသစ်တွေ ကိုယ့်နဲ့အတွေးမတူတဲ့ လူတွေ ဝင်လာစေဖို့လိုအပ်ပါတယ်။
တစ်ရက် (သို့) နှစ်ရက်ဖြစ်ဖြစ် အိမ်မှာအနားယူပေးပါ

တစ်ရက် နှစ်ရက်ထဲနဲ့ ကြီးကြီးကျယ်ကျယ် ဘာမှဖြစ်မသွားနိုင်ပါဘူး။ အရမ်းပင်ပန်းလာပြီလို့ခံစားနေရရင် တစ်ရက် (သို့) နှစ်ရက်လောက်ဖြစ်ဖြစ် အိမ်မှာဘာမှမလုပ်ဘဲ အေးအေးဆေးဆေး အနားယူဖို့လိုအပ်နေပါပြီ။ ဒီလိုအနားယူလိုက်ခြင်းအားဖြင့် အရာရာတိုင်းကို အေးဆေးတည်ငြိမ်စွာ တွေးတောကြံဆနိုင်ပါတယ်။
အသစ်တစ်ခုခုကို သင်ယူဖို့ သင်တန်းတက်ပါ

ပညာအသစ်တခုတက်မြောက်ခြင်းက အခွင့်အရေးအသစ်တစ်ခု ရတာနဲ့တူပါတယ်။
ဘာသာစကားအသစ်သင်ယူပါ

ဘာသာစကားအသစ်သင်ယူခြင်းက ကမ္ဘာကြီးက ကျယ်ပြောပြီး ကိုယ်တစ်ယောက်ထဲ အထီးကျန်မနေဘူးဆိုတာကို သိလာစေပါတယ်။ တကယ်လို့ တရုတ်ဘာသာစကား (သို့) အင်္ဂလိပ် ဘာသာစကားတခုခုကို တက်မြောက်ထားမယ်ဆိုရင် အလုပ်မရှားသလို ကမ္ဘာပတ်လို့တောင်ရပါတယ်။
ကိုယ်ကြောက်တဲ့ အရာတခုခုကို လုပ်ကြည့်ပါ

အောင်ပွဲသေးသေးလေးတစ်ခုရခြင်းက ဘဝကြီးကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ကိုယ်ကြောက်တဲ့ အရာတခုခုကို လုပ်လိုက်နိုင်ပြီဆိုရင် ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိစေနိုင်ပါတယ်။
Source: Bright Side
