ပရီးမီးယားလိဂ် ချန်ပီယံဟောင်း မန်စီးတီးအသင်းဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဘယ်နောက်ခံကစားသမားတစ်ဦးခေါ်ယူရန် စီစဉ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ ဂွါဒီယိုလာကတော့ ဘေယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အလာဘာကို ခေါ်ယူချင်နေတာကြောင့် စောင့်ကြည့်မူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source: Goal.com

မန်စီးတီးအသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီတွင် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိူင်ဖို့အတွက် ပြုပြင်ပြောင်းလဲမူတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ (၂၀၁၇-၂၀၁၈) နဲ့ (၂၀၁၈-၂၀၁၉) ဘောလုံးရာသီမှာ ချန်ပီယံ နှစ်ကြိမ်ရရှိခဲ့ပြီး ယခုနှစ် ချန်ပီယံဆုကို လီဗာပူးအသင်းထံ လွဲပြောင်းပေးခဲ့ရတာကြောင့် (၃) နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း လာမယ့်နှစ်မှာ ချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိူင်အောင် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေ ဖြည့်တင်းဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

Source: Goal.com

အသက် (၂၈) နှစ်အရွယ် အလာဘာဟာ ဥရောပရှိ အကောင်းဆုံး ဘယ်နောက်ခံလူထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ပြီးတော့ အသင်းနဲ့လည်း စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ခေါ်ယူဖို့ အခတ်အခဲတွေ့ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ စာချုပ်အသစ်တစ်ရပ်ချုပ်ဆိုဖို့ သဘောတူတညီမူမရပါက ဘေယန်အနေနဲ့ အဆိုပါကစားသမားကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Source: Irish Mirror

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လာမယ့်ဘောလုံးရာသီအတွက် ဘယ်နောက်ခံကစားသမားတစ်ဦး၊ ဗဟိုခံစစ်မူးတစ်ဦးနဲ့ တိုက်စစ်မူးတစ်ဦး ခေါ်ယူလိုနေပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် (၃၅) ပွဲကစားထားပြီး ရမှတ် (၇၂) မှတ်ဖြင့် အဆင့် (၂) နေရာမှာရပ်တည်နေပါတယ်။ လာမယ့်အပက် ဗုဒ္ဓဟူးနေ့မှာတော့ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။