လူတော်တော်များများ အထီးကျန်မူကို ခံစားဖူးကြတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ဖူးစာဖက်နဲ့တောင် ဒီတစ်သက် မတွေ့နိုင်တော့ဘူးလို့တောင် ထင်ထားကြတဲ့လူတွေရှိနေပါတယ်။ ဒီလိုထင်နေရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။

အရင် relationship ကိုစိတ်မပြတ်နိုင်ခြင်း

Source: Bright Side

အရင် relationship ကိုစိတ်မပြတ်သေးတဲ့ လူရဲ့ရင်ခွင်ထဲကို ဘယ်မိန်းကလေးမှ လာချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ယူပါ။ အရင် relationship ကိုပြန်တည်ဆောက်ချင်တာလား (သို့) relationship အသစ်တခုတည်ဆောက်ချင်တာလား။ ကိုယ်ဘာလိုချင်လဲဆိုတာကို သိအောင်လုပ်ပါ။

မျှော်လင့်ချက်တွေများနေတာ

Source: Bright Side

တစ်ချို့မိန်းကလေးတွေက မင်းသားတွေကို အိပ်မက်မက်ကြပါတယ်။ ဒီလိုပဲ တစ်ချို့ယောက်ျားလေးတွေက အဖက်ဖက်ကနေပြီးပြည့်စုံတဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ များနေတာက အနာဂတ်မှာ အပျိုလူပျိုဖြစ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အရင်ဆုံး မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ။ တစ်ခြားလူကို ကိုယ်ဘာတွေလုပ်ပေးနိုင်လဲ။ ကိုယ့်ဖက်ကဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို အရင်တွေးပါ။

ပိုင်ရှင်ရှိပြီးသားလူကို စောင့်နေတာ

Source: treat.tier3.xyz

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမဖြုန်းပါနဲ့။ ဘဝမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပိုင်ရှင်ရှိပြီးသားလူကို စောင့်မနေပါနဲ့။ တကယ်လို့ သူ (သို့) သူမကို ဖြတ်ပြီး သင့်ဆီကိုလာမယ်ဆိုရင်လည်း လက်မခံပါနဲ့။ တစ်ခါဖောက်ပြန်ဘူးတဲ့လူဟာ နောက်တစ်ခါဖောက်ပြန်ဖို့ ဝန်မလေးတတ်ပါဘူး။ ပြီးတော့ သင့်အနေနဲ့လည်း သံသယတွေနဲ့ ရှင်သန်သွားရပါလိမ့်မယ်။

ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိတာ

Source: Bright Side

“သူတို့တွေအားလုံးကအတူတူတွေချည်းပဲ။” “သူတို့တွေက ဒါကိုပဲ မက်မောကြတာ။” ဒီစကားလုံးတွေကို အမျိုးသားနဲ့အမျိုးသမီးအများစုတွေဆီကနေ ကြားရလေ့ရှိပါတယ်။ ဒီလိုပြောတဲ့လူတွေမှာ ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်။ သူတို့တွေဟာ ဒီလိုလူတွေပဲရှိတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတဲ့လူတွေဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဒီလိုလူတွေကိုပဲ ချစ်ကြိုက်မိခဲ့လို့လည်းဖြစ်နိူင်ပါတယ်။

လူတိုင်းကိုတော့ လွယ်လွယ်ကူကူမယုံမိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်ကြုံခဲ့ရတဲ့လူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ အနားကလူတွေကို တွန်းဖယ်ပစ်တာမျိုး မလုပ်မိဖို့လည်းလိုအပ်ပါတယ်။ သင့်ရဲ့ ex က သင့်ကို နာကျင်အောင်လုပ်သွားတာ သင့်ရဲ့အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် လာကပ်သမျှလူတွေကို သင့်ရဲ့ ex လိုပဲထင်နေရင်တော့ သင့်အပြစ်ဖြစ်သွားပါလိမ့်မယ်။