အိပ်ပျော်အောင် လုပ်တဲ့နည်းတွေအများကြီးရှိပါတယ်။ ဥပမာ တရားထိုင်ခြင်း၊ ဆေးမှီဝယ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အနှိပ်ခံခြင်းစသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် (၆၂) ရာခိုင်နှုန်းသောလူတွေက သီချင်းကိုရွေးကျတာများပါတယ်။ သီချင်းကို ရွေးရတဲ့အကြောင်းအရင်းတွေရှိပါတယ်။ ကျွမ်းကျင်သူတွေကလည်း သီချင်းအေးအေးလေးတွေက လူတွေကိုအိပ်ပျော်သွားအောင် အထောက်အပံ့ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။
သီချင်းနားထောင်ခြင်းက အသက်အရွယ်မရွေး အိပ်ပျော်အောင်ကူညီပေးနိုင်ပါတယ်

Source: WTVY
ကျွမ်းကျင်သူတွေက အိပ်ယာမဝင်ခင် သီချင်းအေးအေးလေးတွေ နားထောင်ခြင်းက အကောင်းဖက် သက်ရောက်မှုရှိတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသက်ရောက်မူက လူကြီး၊လူငယ် ကလေး အစရှိသဖြင့် အသက်အရွယ်မရွေးဘူးလို့လည်း ပြောထားကြပါတယ်။
ဘယ်လိုသက်ရောက်မူဖြစ်စေသလဲ

Source: Reader’sDigest
သီချင်းအေးအေးလေးတွေကက လူတွေရဲ့စိတ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။ လေ့လာမှုတွေအရ ငြိမ့်ညောင်းတဲ့သီးချင်းတွေကို တန်ပို (၆၀-၈၀) ကြားမှာထားပြီး နားထောင်ခိုင်းတဲ့အခါမှာ နှလုံးခုန်နှုန်းနှေးသွားပြီးတော့ အသက်ရှုနှုန်းလည်း နှေးသွားကြောင့် တွေ့ရှိခဲ့ကြပါတယ်။
ဘယ်လိုသီချင်းတွေနားထောင်ပေးသင့်သလဲ

Source: YouTube
ကျွမ်းကျင်သူတွေက Weightless ဆိုတဲ့သံစဉ်အပြင် တခြား ငြိမ့်ညောင်းတဲ့ သံစဉ်တွေ သီချင်းတွေကို စမ်းသပ်ခဲ့ကြပါတယ်။ ကျွင်းကျင်သူတွေ အကြံပေးထားတဲ့ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်တဲ့ သီချင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်…
- Marconi Union — Weightless
- Airstream — Electra
- DJ Shah — Mellomaniac (Chill Out Mix)
- Enya — Watermark
- Coldplay — Strawberry Swing
- Barcelona — Please Don’t Go
- All Saints — Pure Shores
- Adele — Someone Like You
- Mozart — Canzonetta Sull’aria
- Café Del Mar — We Can Fly
အပေါ်ကသီချင်းတွေ အပြင် မိမိအတွက် စိတ်တည်ငြိမ်အေးချမ်းစေတဲ့ သီချင်းတွေကိုလည်း စာရင်းပြုစုထားပြီး အိပ်ယာမဝင်ခင် နာထောင်းပေးကြည့်ပါ။ သီချင်းကို အသံအကျယ်ကြီး မဖွင့်ထားဖို့တော့ လိုပါတယ်။
