နေ့စဉ်လုပ်ရှားပြောဆိုမှုကို ကြည့်ပြီးတော့ လူတွေအကြောင်းအများကြီး သိမြင်နိုင်ပါတယ်။ ကိုင်ထားတဲ့ ဖုန်းကိုကြည့်ပြီးတော့တောင် ပြောနိုင်ပါသေးတယ်။ အခု kwee page ကပုံလေးတစ်ပုံ ပြပေးထားမယ်။ ပရိသတ်တွေက နံပါတ်လေးရွေးလိုက်ရုံပါပဲ။ သင်ရွေးတဲ့ နံပါတ်က သင့်ရဲ့ ပင်ကိုစရိုက်ကို ပြောပြပါလိမ့်မယ်။

ဘာကို အရင်ဆုံးလုပ်မလဲ

၁. ဆူနေတဲ့ရေနွေးအိုးကို အရင်းဆုံးပိတ်မယ်

ရေနွေးအိုးကို ရွေးမယ်ဆိုရင်သင်ဟာ အေးဆေးတည်ငြိမ်သူဖြစ်ပါတယ်။ လွယ်လွယ်နဲ့ ဒေါသအမျက်ထွက်တက်တဲ့လူတွေထဲမှာလည်း မပါပါဘူး။ ဆုံးဖြတ်ချက်တွေကို သံသယကင်းကင်းနဲ့ မြန်မြန်ချမှတ်တတ်တဲ့သူပါ။ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ သွားရာလမ်းကို ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။

နေ့စဉ်ထပ်ခါတလဲလဲ လုပ်နေရတာကို မကြိုက်တဲ့သူပါ။ ပြီးတော့ surprise တွေကိုမကြိုက်သူဖြစ်ပြီး ဘေးကင်းလုံခြုံမှုကို ဦးစားပေးသူပါ။

၂. ဖုန်းကိုင်မယ်

ဖုန်းကို အရင်ဆုံးဖြေမယ်ဆိုရင် သင်ဟာအာရုံစိုက်တက်သူဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်သူဖြစ်ပါတယ်။ စီးပွားရေးသမားလို့ ပုံဖော်လို့ရပြီး တချိန်တည်းမှာ အလုပ်ပေါင်းများစွာလုပ်နိုင်သူဖြစ်ပါတယ်။

လူတွေနဲ့ဆက်သွယ်ပြောဆိုရတာ လွယ်ကူပြီး ကိုယ့်အတွက် အကျိုးရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ရှိရတာကို ကြိုက်နှစ်သက်သူပါ။

၃. ကလေးချော့မယ်

ကလေးကိုချော့ဖို့ အရင်ဆုံးကြိုးစားမယ်ဆိုရင် သင်ဟာတည်ငြိမ်ပြီး မှီခိုအားထားစရာကောင်းတဲ့ လူတစ်ယောက်ပါ။ သင်ဟာတစ်ခြားလူတွေကိုကူညီတက်ပြီး တစ်ခြားလူတွေ ကောင်းစားဖို့အတွက်လည်း မိမိကိုယ်မိမိ အနစ်နာခံဖို့ အဆင်သင့်ဖြစ်နေတက်သူပါ။ သင်ဟာ မိသားစုကိုချစ်ခင်တွယ်တာသူဖြစ်ကာ လူမှု့ဆက်ဆံရေးကိုအလေးထားသူပါ။

တစ်ယောက်တည်းအထီးကျန်နေမှာကို ကြောက်သူဖြစ်ပြီး တစ်စုံတစ်ယောက်က သင့်အနားမှာရှိနေဖို့ အရေးကြီးပါတယ်။

၄. ဆိုဖာကိုက်နေတဲ့ခွေးကို တားဆီးမယ်

ဆိုဖာကိုက်နေတဲ့ ခွေးကိုအရင်ဆုံးတားဆီးဖို့ကြိုးစားမယ်ဆိုရင် သင်ဟာရှုပ်ပွနေတာကို မကြိုက်သူဖြစ်ပါတယ်။ အိမ်မှာရှုပ်ပွနေတာရော ဘဝမှာရှုပ်ယှက်ခက်နေတာကိုပါ မကြိုက်သူဖြစ်ပါတယ်။ သင့်အတွက် အရာရာ ထိန်းထိန်းသိမ်းသိမ်းဖြစ်နေဖို့က အရေးကြီးပါတယ်။

တခုခုဆိုရင် သင်ကြိုက်တဲ့အနေအထားမရောက်ခင်အထိ မကျေပ်နပ်သူပါ။ သင်ဟာမေးခွန်းတွေကို အဖြေရအောင် ရှာတက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ကောင်းကောင်းကြီးစီမံတက်သူဖြစ်ပါတယ်။

Source: Bright side