အိမ်ဆိုတာလူတိုင်းရဲ့မရှိမဖြစ်ခိုလှုံရာနေရာပါ။ လူတိုင်း ကိုယ်နေတဲ့အိမ်ကို သာယာလှပအောင် နေချင်စဖွယ် ပြင်ဆင်တတ်ကြပါတယ်။ အခုပြောပြပေးမှာကတော့ နာမည်ကျော်အနုပညာရှင်တွေက သူတို့ ပိုင်ဆိုင်ထားတဲ့အိမ်ကြီးတွေကို ဘယ်လောက်အကုန်အကျခံပြင်ဆင်ထားလဲဆိုတာကိုလေ့လာလို့ရအောင် ပြောပြပေးမှာဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

(၁) ဆလင်းဒီယွန်

ကမ္ဘာကျော်တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း my heart will go on ရဲ့ အဆိုရှင်ဖြစ်တဲ့ ဆလင်းဒီယွန်ရဲ့ ဧက ၂၀,၀၀၀ ကျယ်ဝန်းတဲ့ အိမ်ကြီးကတော့ ဖလော်ရီဒါမှာတည်ဆောက်ထားပါတယ်။ ဖန်နံရံတွေနဲ့တည်ဆောက်ထားပြီး အိပ်ခန်း (၁၃)ခန်း၊ ရေချိုးခန်း (၁၄) ခန်းပါဝင်တဲ့ အိမ်ကြီးမှာ ရေဂါလံ ၅၀၀,၀၀၀ လောက်ဆန့်တဲ့ ကြီးမားတဲ့ရေပန်းဥယျာဉ်တခုကိုပါထည့်သွင်းတည်ဆောက်ထားပါတယ်။

(၂) တေလာဆွစ်

တေလာဆွစ်ကတော့ သူမရဲ့ဒေါ်လာ ၂၅သန်းကုန်ကျတဲ့အိမ်ကြီးကို ၂၀၁၅ခုနှစ်က ကယ်လီဖိုးနီးယားမှာဆောက်ခဲ့ပါတယ်။ အကျယ်အဝန်း ၁၀,၉၈၂ sq ft ရှိတဲ့ သူမရဲ့အိမ်ကြီးက ၁၉၄၇ ခုနှစ်က အော်စကာဆုရခဲ့တဲ့ The Best Year Of Our Lives ရိုက်ကူးခဲ့တဲ့နေရာလဲဖြစ်ပါတယ်။

(၃) အော်ဒရူးဟပ်ဘန်း

ဗြိတိန်သရုပ်ဆောင်မင်းသမီး အော်ဒရူးဟပ်ဘန်းရဲ့ လှပတဲ့အိမ်ကြီးကတော့ ဟောလိဝုဒ်ရုပ်ရှင်တွေရဲ့ ဖက်ရှင်သင်္ကေတတခုလိုကြော့ရှင်းလှပါတယ်။ အိမ်ကိုလာတဲ့ဧည့်သည်တွေအတွက်စီစဉ်ထားတဲ့ စတုရန်းပေ ၇,၀၀၀ ကျယ်တဲ့ guest house နဲ့ စတုရန်းပေ ၁၀၀၀ ကျယ်တဲ့ ဝန်ထမ်းရုံးခန်းပါဝင်တဲ့အိမ်ကြီးက သူမရဲ့ဧည့်ဝတ်ကျေပွန်မှုကိုပြသနေသလိုပါပဲ။

(၄) ဂျိန်းဖွန်ဒါ

အမေရိကန်ဒေါ်လာ ၉.၉၉၅ သန်းတန်ကြေးရှိတဲ့ ဂျိန်းဖွန်ဒါရဲ့ အိမ်ကြီးက အလင်းရောင်ကောင်းကောင်းဝင် အောင် ဖန်နံရံတွေနဲ့ ဓါတ်လှေကားတွေကိုထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး ခြံဝန်းအတွင်းက ဥယျာဉ်ထဲမှာပါ နွေးထွေးတဲ့လေထုနဲ့အတူ တရားထိုင်ဖို့နေရာတခုကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ အကျယ်အဝန်းက ၇,၁၀၀ Sq ft ရှိပါတယ်။

Source : scmp.com