အမျိုးသားတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ Jacket ကောင်းတစ်ထည်တော့ ရှိသင့်ပါတယ်။ Jacket တွေက မိုးတွင်းပဲ ဖြစ်ဖြစ် ဆောင်းလိုမျိုး အေးစက်နေတဲ့ ရာသီပဲ ဖြစ်ဖြစ် ဝတ်လို့ ကောင်းသလို ခရီးသွားတိုင်းလည်း ဆောင်ထားသင့်တဲ့ အဝတ်အစားထဲမှာ ပါပါတယ်။
ဂျက်ကတ်အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတွေနဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျတဲ့ ဂျက်ကတ်တွေထဲမှာ ဒီ ၃ မျိုးကို ထည့်ပြောရမှာ ဖြစ်ပါတယ်။

(၁) Denim Jacket

Photo: onpointfresh

Denim Jacket တွေက လူကြိုက်အများဆုံး Jacket ထဲမှာ ပါပါတယ်။ အကြမ်းခံတယ် ၊ နှစ်တွေအကြာကြီး ဝတ်လို့ ရတဲ့အပြင် ဘယ်တော့မှ မရိုးသွားတဲ့ ဖက်ရှင်ဖြစ်လို့လည်း အကြိုက်များကြတာပါ။

(၂) Leather Jacket

Photo: onpointfresh

ဖက်ရှင်ကျတဲ့ ဂျက်ကတ်တွေအကြောင်းပြောရင် Leather Jacket တွေကို ချန်ထားလို့ မရပါဘူး။ Leather Jacket တွေက လူငယ်ဆန်တယ် ၊ စတိုင်မိပြီး တက်ကြွအားကောင်းတဲ့ ဖက်ရှင်အငွေ့အသက်တွေ ပေးပါတယ်။

(၃) Bomber Jackets

Photo: onpointfresh

Bomber Jacket တွေက လူငယ်တွေအကြားမှာ ရေပန်းစားပါတယ်။ Bomber Jacket တွေကို အဝတ်များတာကလည်း လူငယ်တွေ ဖြစ်ပါတယ်။ Bomber Jacket ဝယ်မယ်ဆိုရင် တစ်ခြားသူတွေ ဝတ်တတ်တာမျိုးကို မကြည့်ဘဲ ကိုယ့်ရဲ့ Personality နဲ့ လိုက်ဖက်တဲ့ ဂျက်ကတ်ဒီဇိုင်းကိုပဲ ဦးစားပေး ရွေးချယ်သင့်ပါတယ်။