သင်ဟာ ပွဲတစ်ခုခုမတိုင်ခင် စိုးရိမ်မှုတွေ စိတ်ဖိစီးမှုတွေ ရှိတက်တဲ့သူဆိုရင်တော့ ညဘက်မှာ အိပ်မောကျဖို့နဲ့ ကောင်းမွန်စွာအိပ်စက်ဖို့အတွက် ပြဿနာရှိနေနိုင်ပါတယ်။ ဒီနေ့ kwee page ကညဘက် ကောင်းမွန်စွာအိပ်မောကျနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးကို ပြောပြပေးသွားမှာပါ။
ဒီနည်းကိုတော့ “၄-၇-၈” နည်းလမ်းလို့ ခေါ်ပါတယ်။
ပြုလုပ်နည်း

Source: Tips Make
၁. နှာခေါင်းကနေ (၄) စက္ကန့် ဖြည်းညင်းစွာ အသက်ရှုသွင်းလိုက်ပါ။
၂. ပြီးရင် (၇) စက္ကန့်ခန့် အသက်အောင့်ထားလိုက်ပါ။
၃. ပြီးတာနဲ့ ပါးစပ်ထဲကနေ (၈) စက္ကန့် အသက်ရှုထုတ်လိုက်ပါ။
ဒီနည်းက ရိုးရှင်းပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်တဲ့နည်းလေးပါ။
စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေများနေတဲ့အချိန်မှာ သွေးဖိအားကိုမြင့်တက်စေပြီး နှလုံးခုန်နှုန်းကိုမြန်စေတဲ့ adrenaline ဆိုတဲ့ ဟော်မုန်း သွေးထဲမှာ များပြားလာစေပါတယ်။ ဒီလိုအချိန်မှာ အိပ်ရတာ အခက်အခဲရှိပါတယ်။ အပေါ်က အသက်ရှုလေ့ကျင့်ခန်းဟာ နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။
အသက်ရှုတာကိုပဲ အာရုံရောက်နေတာကြောင့် စိတ်ကိုတည်ငြိမ်စေပြီး အတွေးတွေကို စုစည်းပေးပါတယ်။ ဒီလိုအချိန်မှာ တခြားအရာတွေ တွေးမိတာလျှော့ကြသွားတာကြောင့် စိုးရိမ်မှုတွေ ပျောက်ကွယ်သွားပြီး စိတ်ခံစားမှုကောင်းမွန်လာစေပါတယ်။
အကျိုးဆက်ကတော့ ခန္ဓာကိုယ်တစ်ခုလုံး ပြေလျှော့စေပြီး အနားရစေပါတယ်။ ဒီနည်းလမ်းကို အိန္ဒိယ ယောဂီတွေက တရားထိုင်တဲ့နေရာမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုနေခဲ့ကြတာပါ။ အန္တရာယ်ကင်းပြီး အသုံးတည့်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။

Source: Arubah Community Clinic
ညဘက်တွေမှာ နိုးလာတက်တဲ့အကျင့်ရှိခြင်းဟာ တစ်စုံတစ်ရာက သင့်ကိုနှောက်အယှက်ပေးနေလို့ဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ရမယ် (သို့) အရေးကြီးတဲ့ ပွဲတွေတက်ရမယ်ဆိုရင်လည်း ဒီးနည်းကိုအသုံးပြုပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်လို့ရပါတယ်။ “၄-၇-၈” နည်းလမ်းက ကျင့်သုံးတက်မယ်ဆိုရင် တကယ်အသုံးဝင်ပါတယ်။
ကောင်းမွန်စွာအိပ်ပျော်ဖို့ ဆေးတစ်ခွက်

Source: Bright Side
အိပ်ရာမဝင်ခင် စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အေးချမ်းစေဖို့အတွက် ဒီဆေးတစ်ခွက်ကိုသောက်လိုက်ပါ။
ဆေးပြုလုပ်နည်း
- ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ ၁/၄
- ပင်လယ်ဆား လက်ဖက်ရည်ဇွန်နဲ့ ၁/၈
- အုန်းဆီ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း
ဒီပါဝင်ပစ္စည်းတွေက ကျန်းမာရေးအတွက်သာမက ညဘက် နိုးလာတက်တဲ့လူတွေ အိပ်မပျော်တဲ့လူတွေအတွက် အလွန်အသုံးဝင်ပါတယ်။
