အာဆင်နယ်ကြယ်ပွင့်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဖီနာဘာချီအသင်းအတွက် အာဆင်နယ်အသင်းကို စွန့်ခွာဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အူနိုင်းအမ်မရီရဲ့နေရာမှာ အာတီတာက နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခံခဲ့ရတဲ့အချိန်မှာ အာတီတာရဲ့ အသင်းအတွက် အဓိကအစိတ်အပိုင်းဖြစ်လာမယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

Photo: Metro

ဒါပေမယ့်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ ရာသီပြန်လည်စတင်ချိန်ကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိသေးဘဲ လက်ရှိအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းကလည်း ၁ နှစ်အောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ Bild ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ တူရကီစူပါလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ ဖီနာဘာချီအသင်းဆီကနေ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

အိုဇေးလ်ရဲ့ ကြီးမားလှတဲ့တစ်ပတ်လုပ်ခလစာပေါင် ၃၅၀၀၀၀ က ဆွေးနွေးညှိနှိုင်းရာမှာ ကြီးမားတဲ့အဟန့်အတားဖြစ်နေတယ်ဆိုတာကို သက်သေပြသခဲ့တာဖြစ်ပြီး Bild ရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဖလားချန်ပီယံ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ပွဲကစားချိန်မရပေမ့်လည်း စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်နေသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

Source : 247 News Around The World