Torres ကိုခေါ်ယူနိူင်ဖို့ ဒေါ့မွန်ထက် ခြေလှမ်းသာနေတဲ့ မန်စီးတီး နှင့် အခြားဘောလုံးသတင်းတိုများ
Torres ကိုခေါ်ယူနိူင်ဖို့ ဒေါ့မွန်ထက် ခြေလှမ်းသာနေတဲ့ မန်စီးတီး

Source: Manchester Evening News~1
မန်စီးတီးအသင်းဟာ ဗလင်စီယာတောင်ပံကစားသမား တစ်ဦးဖြစ်တဲ့ Ferran Torres ကိုခေါ်ယူနိူင်ဖို့ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဒေါ့မွန်ထက် ခြေတစ်လှမ်းသာနေပါတယ်။
ဒေါ့မွန်ဟာ အသင်းကနေထွက်ခွာဖို့ ကြိုးစားနေတဲ့ ဆန်ချိုနေရာမှာ အစားထိုးဖို့အတွက် အဆိုပါ အသက် (၂၀) အရွယ် စပိန်နိူင်ငံသားကို ခေါ်ယူချင်နေတာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ Torres ဟာယခုရာသီတွင် ဗလင်စီယာအသင်းအတွက် (၄၄) ပွဲပါဝင်စားပေးထားပြီး (၆) ဂိုးသွင်းယူပေးထားပါတယ်။
ဆောက်သမ်ကွင်းလယ်ကစားသမား Hojbjerg ကိုခေါ်ယူနိူင်တော့မယ့် အဲဗာတန်

Source: World Sports Tale
ဆောက်သမ်အသင်းက သူတို့ရဲ့ ကစားသမားတစ်ဦးဖြစ်သူ Pierre-Emile Hojbjerg အတွက် အဲဗာတန်ရဲ့ ယူရို (၂၅) သန်း ကမ်းလှမ်းမူကို လက်ခံလိုက်ပြီလို့ သိရပါတယ်။
အသက် (၂၄) နှစ်အရွယ် အဆိုပါကစားသမားဟာ အဲဗာတန်အသင်းနဲ့ ပုဂိ္ဂုလ် ရေးသဘောတူညီချက်တွေ ရရှိထားပြီဖြစ်ကာ အကြာခင်မှာ အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာဖြစ်ကြောင်း Daily Echo ကဖော်ပြထားပါတယ်။ Hojbjerg ဟာ စပါးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မူတွေ ရှိခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ယခု အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပါ။
Oldham ကိုပြောင်းရွှေ့ကစားဖို့ နီးစပ်နေတဲ့ Borthwick-Jackson

Source: Oldham Athletic
မန်ယူအသင်းရဲ့ လူငယ်ကစားသမားဟောင်းဖြစ်သူ Borthwick-Jackson ဟာ လိဂ်တူး ကလပ်ဖြစ်တဲ့ Oldham Athletic မှာကစားရဖို့ နီးစပ်နေပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါ အသက် (၂၃) နှစ်အရွယ်ကစားသမားဟာ Oldham အသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ နီးစပ်နေကြောင်းသိရပါတယ်။
မာရာဒိုနာ အတွက် ဘောလုံးပြန်ကစားဖို့ရှိနေတဲ့ ဘိုလာတီ

Source: Marca Claro Argentina
အာဂျင်တီးနား လက်ရွေးစင်ဟောင်း ဖြစ်သူ မာရီယို ဘိုလာတီဟာ မာရာဒိုနာကသာ တောင်းဆိုလာမယ်ဆိုရင် ဘောလုံးပြန်ကစားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ ဘိုလာတီဟာ (၂၀၁၈) ခုနှစ်မှာ အနားယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မာရာဒိုနာနည်းပြနေတဲ့ Gimnasia အသင်းအတွက် လိုအပ်လာရင် ဘောလုံးပြန်ကစားပေးမှာဖြစ်ကြောင်း သိရပါတယ်။
