COVID-19 ကပ်ရောဂါကြီးကြောင့် လူအချင်းချင်း ထိတွေ့မှု လျှော့ချဖို့နဲ့ ကိုယ်ခံအားစနစ်ကောင်းအောင် နေဖို့ တိုက်တွန်းမှုတွေ ရှိပါတယ်။ ကိုယ်ခံအားစနစ်ကောင်းရုံနဲ့တော့ COVID-19 လုံးဝ မကူးစက်အောင် ဟန့်တားလို့ မရပါဘူး။ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုလမ်းညွှန်ထားတဲ့အတိုင်း Mask တပ်/လက်ဆေး ပြုလုပ်ခြင်း ၊ Social Distancing လုပ်ခြင်းတွေလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်ခံအားစနစ်ကောင်းအောင် နေခြင်းက ကျန်းမာရေး‌ကောင်းဖို့အတွက် အရေးကြီးဆုံး ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ ဒ့ါကြောင့် ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ဖြစ်စေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရစားပါ

Photo: Freepik

ကိုယ်စားတဲ့ အစားအသောက်ထဲမှာ အရောင်စုံ ပါဖို့ တိုက်တွန်းချင်ပါတယ်။ အရောင်စုံဆိုတာ အသီးအနှံ အရွက်အပွင့်တွေရဲ့ အရောင်ကို ပြောတာပါ။ ဗိုက်တာမင် ၊ သတ္ထုဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါအောင် စားပေးပါ။ ငရုတ်နီအပွ ၊ အစိမ်းရင့်‌ရောင် အရွက်များ ၊ ခရမ်းသီး ၊ ဘလူးဘယ်ရီ ၊ ပန်းဂေါ်ဖီစိမ်း ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ လိမ္မော်၊ ဂရိတ်ဖရု ၊ သံပရာ ၊ ဒိန်ချဉ် ၊ အယ်လ်မွန်စေ့ ၊ နေကြာစေ့ ၊ သင်္ဘောသီး ၊ ကီဝီ နဲ့ ပင်လယ်စာများ စားပေးဖို့ လိုပါတယ်။

(၂) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

Photo: ManofMany

အားကစားလုပ်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ပိုကောင်းမွန်စေပြီး ဆဲလ်သစ်တွေ မွေးထုတ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ အနည်းဆုံး ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ အနည်းဆုံး လမ်းလျှောက်ခြင်း ၊ တောင်တက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ ရေကူးခြင်း ၊ ရွရွကလေး ပြေးခြင်းတို့ကို လုပ်နိုင်ပါတယ်။

(၃) ပုံမှန်အိပ်ရေးဝအောင် အိပ်ပါ

Photo: Freepik

အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြောခဲ့ပေါင်းလည်း များလှပါပြီ။ အိပ်ရေးဝခြင်းဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် အလွန်ပဲ အရေးကြီးလို့ ဖြစ်ပါတယ်။ တစ်ရက်ကို ၇ နာရီ- ၈ နာရီ အိပ်ပေးဖို့ လိုပါတယ်။

(၄) စိတ်ဖိစီးမှု လျှော့ချပါ

Photo: Freepik

စိတ်ဖိစီးခြင်းဟာ ရုပ်ကိုပါ ထိခိုက်ပျက်ယွင်းစေနိုင်တာကြောင့် စိတ်တည်ကြည်အေးချမ်းပြီး ဖိစီးမှု လျော့ပါးစေဖို့ တရားထိုင်ခြင်း ၊ စာဖတ်ခြင်း ၊ နှစ်သက်ရာ အိမ်မွေးတိရစ္ဆာန်မွေးခြင်းနဲ့ စိတ်ဖိစီးမှု သက်သာအောင် နေထိုင်သင့်ပါတယ်။

(၅) လူနေမှုပုံစံ ကောင်းမွန်ပါစေ

Photo: Freepik

ကိုယ်ခံအားစနစ် ထိန်းသိမ်းဖို့အတွက် ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးခြင်း ရှောင်ရှားသင့်ပါတယ်။ တတ်နိုင်သမျှ လျှော့ချပါ။ Junk Food စားသုံးမှု နည်းအောင် လုပ်ပါ။ TV နဲ့ ဖုန်းသုံးစွဲမှု နည်းနိုင်သမျှ နည်းအောင် လုပ်ပြီး မိသားစုနဲ့ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အချိန်ပိုကုန်ဆုံးသင့်ပါတယ်။
အခုပြောတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်ခံအားစနစ်တစ်ခုကို ပုံမှန် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။