ပေါ်တူဂီ ကြယ်ပွင့် စီရော်နယ်ဒိုဟာ ဇူလှိုင် (၂၁) ရက်နေ မနက်အစောပိုင်းတွင် စီးရီးအေပွဲစဉ် (၃၄) အဖြစ် ဂျူဗီတပ် အသင်းက လာဇီယို အသင်းကို (၂-၁) ဂိုးဖြင့် အနိူင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဂျူဗီတပ်အသင်းအတွက် အနိူင်ဂိုး (၂) ဂိုးစလုံးကို ပွဲကစားချိန် (၅၁) မိနစ်နှင့် (၅၄) မိနစ်တို့တွင် သွင်းယူပေးနိူင်ခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေ တို့တွင် သွင်းဂိုး (၅၀) နှင့်အထက် သွင်းယူနိူင်သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

Source: TechnoSports

ဂျူဗီတပ်နှင့်လာဇီယိုပွဲစဉ်ဟာ စီးရီးအေ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ရော်နယ်ဒိုနဲ့အင်မိုဘီလီတို့ ထိပ်တိုက်တွေ့ဆုံနေသည့်ပွဲဖြစ်ခဲ့ပြီး နှစ်ဦးစလုံး ဂိုးသွင်းနိူင်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ အင်မိုဘီလီတို့ဟာ ဂိုး (၃၀) စီဖြင့် စီးရီးအေတွင် ဂိုးအများဆုံးသွင်းထားသူများအဖြစ် ပူးတွဲရပ်တည်နေပါတယ်။ ဂျူဗီတပ်အသင်းဟာလည်း ဒုတိယနေရာမှ အင်တာမီလန်ကို (၈) မှတ်ဖြတ်ထားနိူင်ခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယားကို (၉) နှစ်ဆက်ဆွတ်ခူးရန် နီးစပ်လာပြီဖြစ်ပါတယ်။

Source: Goal

စီရော်နယ်ဒိုဟာ ပရီးမီးယာလိဂ်တွင် မန်ယူအသင်းအတွက် (၁၉၆) ပွဲကစားပေးထားပြီး (၈၄) ဂိုးအထိသွင်းယူပေးထားပြီး လာလီဂါတွင် ရီးရဲအသင်းအတွက် (၂၉၂) ပွဲကစားပေးထားပြီး (၃၁၁) ဂိုးသွင်းယူပေးထားနိူင်ခဲ့ပါတယ်။ လက်ရှိ စီးရီးအေတွင်လည်း ဂျူဗီတပ်အသင်းအတွက် (၆၁) ပွဲကစားပေးထားပြီး (၅၁) ဂိုးသွင်းယူပေးထားနိူင်သောကြောင့် ပရီးမီးယားလိဂ်၊ လာလီဂါနဲ့စီးရီးအေးတို့တွင် ဂိုး (၅၀) နှင့်အထက် သွင်းယူနိူင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source: The Statesman

ဂျူဗီတပ်အသင်းဟာ နောက်ထပ်ပွဲစဉ်အဖြစ် ဇူလှိုင်လ (၂၄) ရက်နေ့တွင် အူဒီးနိစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။