ပရီးမီးယားလိဂ်ကို တန်းတက်ကစားခွင့် ရရှိထားတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ အီဗရာဟင်မိုဗစ်နဲ့ ကာဗာနီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: The Mirror
လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ အီတလီလူမျိုး Andrea Radrizzani ဟာပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အီဗရာဟီမိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ အသက် (၃၈) နှစ်ရှိပြီဖြစ်တဲ့ အီဗရာဟီမိုဗစ်လည်း အသင်းဟောင်း အေစီမီလန်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Source: Tribuna
လက်ရှိအချိန်မှာတော့ မိုဗစ်ကို ခေါ်ယူဖို့က ခက်ခဲနိူင်ပေမယ့် PSG တိုက်စစ်မူး ကာဗာနီကိုတော့ ခေါ်ယူနိူင်မယ်လို့ ယုံကြည်မူရှိကြောင်း လိဒ်စ်အသင်းပိုင်ရှင်က ပြောဆိုသွားပါတယ်။
လက်ရှိ PSG မှာကစားနေတဲ့ ကာဗာနီကို လာမယ့်အပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိူင်မှာဖြစ်ပါတယ်။ ကာဗာနီအနေနဲ့လည်း ပရီးမီးယားလိဂ်ကစားပုံနဲ့ အဆင်ပြေမယ်ထင်ကြောင်း Radrizzani ကပြောဆိုသွားပါသေးတယ်။ ဒါပေမဲ့ ကာဗာနီကို ခေါ်ယူဖြစ်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

Source: 90Min
နည်းပြ Marcelo Bielsa ကိုင်တွယ်နေတဲ့ လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို (၁၆) နှစ်အကြာမှာ တဖန်တန်းပြန်တက်ခွင့်ရရှိခဲ့တာပါ။
လိဒ်ဂိုးသမားဟောင်း ရော်ဘင်ဆန်ကတော့ ဆဲလ်တစ်တိုက်စစ်မှူး အက်ဒွက်နဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်တို့ကို ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။
