တကယ်တော့ သင့်ဘဝကို တိုးတက်အောင်ပြုလုပ်ချင်တာက ထင်သလောက်မခက်ခဲပါဘူး။ အတွေ့အကြုံကောင်းတွေလေ့လာဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့ပဲလိုအပ်ပါတယ်။ အခုပြောပြပေးမှာက သင့်ဘဝကို ပိုကောင်းလာအောင် ပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အချက်(၅)ချက် ကိုပြောပြပေးမှာဖြစ်ပါတယ်။ အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။
(၁) သင်ယူမှုအသစ်တွေ လုပ်ပါ

Source : Freepik
သင်ယူမှုအသစ်တခုကို အချိန်ပေးပြီးသင်ယူတာက သင့်ဘဝကိုချက်ချင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာစေပါတယ်။ ဥပမာ – ဘာသာစကားအသစ်တခုသင်ယူတာမျိုးပါ။ ဘာသာစကားတခုထက်ပိုတတ်မြောက်ခြင်းက သင့်အတွက်အလုပ်အကိုင်အခွင့်အလမ်းပိုမိုကောင်းစေတဲ့အပြင် တခြားအကျိုးကျေးဇူးတွေပါရနိုင်ပါတယ်။
(၂) သင့်ကိုချစ်တဲ့သူတွေနဲ့အတူ အချိန်ဖြုန်းပါ

Source : Shutterstock
သင့်မိတ်ဆွေအသိုင်းအဝိုင်းကိုပြန်ဆန်းစစ်ကြည့်ပါ။ တကယ်လို့သင့်ကိုလိုအပ်လို့အသုံးချနေသူတွေ မလိုအပ်ဘဲဖိအားပေးနေတဲ့သူတွေရှိရင် သူတို့နဲ့အဆက်အသွယ်လုပ်တာကို လျှော့လိုက်ပါ။ ပြီးရင် သင့်ကိုအမှန်တကယ်ချစ်ခင်တဲ့သူတွေကို ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပါ။ အခု သင့်မှာ ဒီလိုလူတွေမရှိသေးဘူးဆိုရင်တောင် ရှေ့လျှောက် စစ်မှန်တဲ့ဆက်ဆံရေးတွေကိုပဲတည်ဆောက်သွားပါ။
(၃) တက်ကြွတဲ့လူနေမှုပုံစံရှိပါစေ

Source : Shutterstock
အခုခေတ်မှာ လူတွေဟာအပြင်ထွက်ဈေးဝယ်မယ့်အစား ကွန်ပျူတာရှေ့ကနေ အွန်လိုင်းကဈေးဝယ်တာအပြင် စာသင်တာတွေပါလုပ်နိုင်ကြပါတယ်။ လှုပ်လျားမှုနည်းတဲ့လူနေမှုပုံစံက အဝလွန်တာ၊ နှလုံး၊ သွေးတိုးစတဲ့ ကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးတွေအပြင် စိတ်ပိုင်းဆိုင်ရာကိုလဲ သက်ရောက်မှုရှိစေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လှုပ်လျားမှုရှိတဲ့ လူနေမှုပုံစံမျိုးရှိအောင်ပြုလုပ်သင့်ပါတယ်။
(၄) ဒဏ်ရာဟောင်းကို ကုသပါ

Source : Gregarius
တကယ်လို့သင်ရဲ့ relationship တခုပျက်စီးခဲ့ဖူးတယ်ဆိုရင် အကျိုးဆက်ကနောက်လူတွေကိုပါ သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာရှိနေတဲ့စိတ်ဒဏ်ရာကိုဘယ်လိုကုသမလဲစဉ်းစားဖို့လိုပါတယ်။ သင့်ဘဝထဲကိုနောက်ထပ်ဝင်လာမယ့်သူတွေအကုန်လုံး ဒီလိုပဲဖြစ်နေမှာမဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှကိုပြန်တွေးပြီးခံစားနေမယ့်အစား အတွေ့အကြုံအဖြစ်သင်ခန်းစာယူပြီး နေ့ရက်အသစ်တွေကို ပြန်စဖို့လိုက်ပါ။
(၅) သင့်ကိုသင်ကြင်နာပါ

Source : 123RF.com
အထူးသဖြင့် သင်ကြုံတွေ့နေရတဲ့ပြသနာတွေမှာကျရံှုးမှုတွေရှိနေရင်တောင် သင့်ကိုယ်သင်ကြင်နာဖို့ဘယ် တော့မှ မမေ့ပါနဲ့။ မနက်ဖန်တိုင်းဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အခွင့်အရေးသစ်တွေပါပဲ။ ပြီးပြည့်စုံတဲ့သူဆိုတာမရှိတဲ့အတွက် သင့်ကိုယ်တိုင်မှာလဲ တခါတရံမပြည့်စုံတာတွေ့ရင်ခွင့်ပြုပေးဖို့လိုပါတယ်။ သင့်မထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးရှိပေမယ့် သင်လုပ်နိုင်တာကိုသာအကောင်းဆုံးလုပ်ဆောင်ပါ။
