လူတိုင်းအတွက် သွားကျန်းမာရေးက အလွန်အရေးကြီးပါတယ်။ သွားတွေဟာ တကိုယ်ရေသန့်ရှင်းရေးအပြင် ကျန်းမာရေးနဲ့ပါ ဆက်စပ်နေပါတယ်။ ဒါပေမယ့် သင်သတိမပြုမိတဲ့အချက်က ဈေးကွက်ထဲကသွားတိုက်ဆေးအများစုက သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားတာမဟုတ်ဘဲ ဓါတုပစ္စည်းတွေပါဝင်နေတတ်တယ်ဆိုတာကိုပါ။ အခုပြောပြပေးမှာက သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝသွားတိုက်ဆေးပြုလုပ်နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁) အုန်းဆီသွားတိုက်ဆေး

ပထမဆုံးနည်းလမ်းကတော့ အုန်းဆီသွားတိုက်ဆေးပြုလုပ်နည်းပါ။ အုန်းဆီအနည်းငယ်၊ မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၆ဇွန်းနဲ့ essential oil နှစ်သက်ရာတမျိုးကိုရောမွှေပြီး သဘာဝအုန်းဆီသွားတိုက်ဆေးအဖြစ်အသုံးပြုလို့ရပါပြီ။ အသုံးပြုပြီးရင် ခြောက်သွေ့မသွားအောင် ဖန်ပုလင်းထဲထည့်ပြီးအဖုံးလုံအောင်ပိတ်ပေးထားဖို့တော့ လိုပါတယ်။

(၂) ရှားစောင်းလက်ပတ်သွားတိုက်ဆေး

ရှားစောင်းလက်ပတ်ဟာ နေလောင်တာပျောက်ကင်းစေတဲ့အပြင် တခြားကောင်းမွန်တဲ့ဂုဏ်သတ္တိများစွာရှိပါတယ်။ ရှားစောင်းသွားတိုက်ဆေးပြုလုပ်ဖို့အတွက် ငရုတ်ကောင်းအဆီ အနည်းငယ်လိုပါတယ်။ ခြစ်ထားတဲ့ရှားစောင်းလက်ပတ်အနှစ်ထဲကို ငရုတ်ကောင်းအဆီအနည်းငယ်ရောမွှေလိုက်ရင် အသုံးပြုလို့ရပါပြီ။ ရှားစောင်းလပတ်အနှစ်ကို ရယ်ဒီမိတ်ဝယ်တာမဟုတ်ဘဲ အပင်ကခြစ်ယူထားတာကိုပဲအသုံးပြုပေးပါ။ အသုံးပြုပြီးတဲ့အခါ လေလုံတဲ့ဘူးတခုထဲထည့်သိမ်းပေးပါ။

(၃) ပင်လယ်ဆားသွားတိုက်ဆေးမှုန့်

တကယ်လို့ ညှစ်ပြီးသုံးရတဲ့သွားတိုက်ဆေးမျိုးမဟုတ်ဘဲ သွားတိုက်ဆေးအမှုန့်သုံးချင်တယ်ဆိုရင် မုန့်ဖုတ်ဆော်ဒါ အမှုန့်၃ဇွန်းကို ပင်လယ်ဆား၁ဇွန်းနဲ့ရောပြီး ခံတွင်းနံ့ကောင်းစေတဲ့ ငရုတ်ကောင်းအဆီအနည်းငယ်ရောမွှေပြီး သွားတိုက်ဆေးမှုန့်အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့အခါ သွားတိုက်ဆေးမှုန့်မထည့်မှီ သွားပွတ်တံကိုရေအနည်းငယ်ဆွတ်ပြီး အသုံးပြုပေးပါ။

(၄) သွားဖြူသွားတိုက်ဆေး

တကယ်လို့သင့်သွားတွေက ဖြူဖွေးတောက်ပမှုမရှိတော့ဘူးလု့ိထင်ရင် အခုပြောပြမယ့် သဘာဝသွားဖြူသွား တိုက်ဆေးကိုစမ်းကြည့်လို့ရပါတယ်။ ခွက်တခုထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၄ဇွန်းထည့် ပြီးရင် ခြစ်ယူထားတဲ့ရှားစောင်းလပတ်အနှစ် ၂ဇွန်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးရင် ရေအနည်းငယ်နဲ့ ငရုတ်ကောင်းအဆီအနည်းငယ်ထည့်ပါ။ သမအောင်ရောမွှေလိုက်ပြီး လေလုံတဲ့ဘူး တခုထဲမှာအဖုံးလုံအောင်ပိတ်ထားလိုက်ပါ။ အသုံးပြုပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားလို့လဲပါတယ်။

အားလုံးပဲ ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။