အာဆင်နယ်ဟာ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မူး အူဘာမီယန်ကို တစ်ပက်လုပ်ခ ပေါင် (၂) သိန်းခွဲပေးချေပြီး စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းတော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: 90Min

အူဘာမီယန်နဲ့အာဆင်နယ်အသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်ဟာ (၁၂) လသာသက်တမ်းကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကို အာဆင်နယ်နည်းပြ အာတီတာက အသင်းမှဆက်ပြီးထိန်းထားချင်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ အလိုရှိနေတာပါ။ အူဘာမီယန်ဟာ အာတီတာရဲ့ အစီအစဉ်များမှာ အဓိကနေရာကနေ ပါဝင်နေသူဖြစ်ပါတယ်။

Source: FC Barcelona Noticial

အူဘာမီယန်ကို စာချုပ်သက်တမ်းတိုးဖို့ နှောင့်နှေးနေတဲ့ အာဆင်နယ်ဘုတ်အဖွဲ့ဝင်တွေကို အာတီတာက ပြီးခဲ့တဲ့လတွေတုံးက ပြစ်တင်စကားပြောဆိုခဲ့ပါသေးတယ်။ အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါတိုက်စစ်မူးကို လွန်ခဲ့တဲ့လတွေတုံးက ပြင်သစ်ကလပ် PSG အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်လာအပြီးမှာ အခုလိုပဲ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေက အူဘာမီယန်ကို စာချုပ်သက်တမ်းတိုးဖို့ ဖြစ်လာတာပါ။

အူဘာမီယန်ဟာ လက်ရှိအာဆင်နယ်အသင်းမှာ တစ်ပက် ပေါင် (၁၉၈၀၀၀) ရရှိနေသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ အဆိုပါတိုက်စစ်မူးကို တစ်ပက် ပေါင် (၂) သိန်းခွဲအထိပေးချေပြီး အပိုဆုကြေးတွေပါ ပေးချေကာ ကမ်းလှမ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Source: Arsenal News

ယခုအာဆင်နယ်အသင်းမှာ လုပ်ခအမြင့်ဆုံး ရရှိနေသူကတော့ အိုဇေးဖြစ်ပြီး တစ်ပက် ပေါင် (၃) သိန်းခွဲအထိ ရှိနေပါတယ်။ အူဘာမီယန်ဟာ အာဆင်နယ်အသင်းကို (၂၀၁၈) ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၀၇) ပွဲအထိ ပါဝင်ကစားပေးထားကာ (၆၆) ဂိုးအထိ သွင်းယူပေးထားပါတယ်။